Connect with us

Hi, what are you looking for?

သတင်း

ရွှေစာရံရဲတပ်ဖွဲ့ခွဲတွင် ရဲနှစ်ဦးရန်ဖြစ်ပြီး​သေနတ်ဖြင့်ပစ်၍ တစ်ဦး​သေ

“အရက်မူးပြီး ရန်ဖြစ်ကြတာ။ တစ်ယောက်က တုတ်နဲ့ ရိုက်တာ။ အရိုက်ခံရတဲ့ကောင်က သေနတ်နဲ့ ပြန်ပစ်တာ။ သေတဲ့သူက အသက်ငယ်ငယ်ပဲ။ ပစ်တဲ့သူကတော့ ပင်စင်နီးနေပြီ” ဟု ရဲတပ်ဖွဲ့ဝင် မိသားစုတစ်ဦးကပြောသည်။

(အမှတ် (၄)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရွှေစာရံ) စခန်းကို​တွေ့ရစဥ်။ ပုံအ​ဟောင်းဖြစ်ပါသည်။)
(အမှတ် (၄)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရွှေစာရံ) စခန်းကို​တွေ့ရစဥ်။ ပုံအ​ဟောင်းဖြစ်ပါသည်။)

ပုသိမ်ကြီးမြို့နယ်ရှိ အမှတ်(၄) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရွှေစာရံ)တွင် အရက်မူးနေသည့် ရဲနှစ်ဦး ရန်ဖြစ်ပြီးသေနတ်ပစ်၍ရဲတစ်ဦးသေဆုံးသွားကြောင်း ရဲတပ်ရင်းအနီးတွင် နေထိုင်သူများကပြောသည်။

ယမန်နေ့( ဇွန် ၁၂ရက်) ညကိုးနာရီခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး၏ ရုပ်အလောင်း ဆေးရုံသို့ယူဆောင်သွားသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အရက်မူးပြီး ရန်ဖြစ်ကြတာ။ တစ်ယောက်က တုတ်နဲ့ ရိုက်တာ။ အရိုက်ခံရတဲ့ကောင်က သေနတ်နဲ့ ပြန်ပစ်တာ။ သေတဲ့သူက အသက်ငယ်ငယ်ပဲ။ ပစ်တဲ့သူကတော့ ပင်စင်နီးနေပြီ” ဟု ရဲတပ်ဖွဲ့ဝင် မိသားစုတစ်ဦးကပြောသည်။

စစ်တပ်အာဏာသိမ်းသဖြင့် ပြည်သူများက ငြိမ်းချမ်းစွာဆန္ဒပြ​တောင်းဆိုမှုများကိုအကြမ်းဖက်ဖြိုခွဲသဖြင့်ပြည်သူ့ခုခံ​တော်လှန်စစ်ကို ကြုံ​နေသောစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များတွင် ကြီးနိုင်ငယ်ညှင်း ဖိနှိပ်မှုများ ၊အနိုင်ကျင့်မှုများ၊စိတ်ဝမ်းကွဲမှုများ ကြုံတွေ့နေရပြီးဖိအားများစွာဖြင့် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများစွာ ရှိနေကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလိုကြ​သောရဲတပ်ဖွဲ့ဝင်များသော်လည်း မိသားစုဝင်များကို စစ်ကောင်စီက နည်းမျိုးစုံထိန်းချုပ်ထားသည်ဟု၎င်းကဆက်​ပြောသည်။

“အဆင်မပြေကြတော့ မူးကြ၊ ရူးကြနဲ့ ပရမ်းပတာ ဖြစ်နေကြပြီ” ဟု ဒုရဲမှုးအဆင့်ရှိ အထက်ပါရဲအရာရှိကပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အမိန့်ကိုဖီဆန်ပြီး ပြည်သူနှင့်ပူး​ပေါင်းကာCDM ပြုလုပ်​သောရဲတပ်ဖွဲ့ဝင် တစ်​သောင်းဝန်းကျင် ရှိ​နေပြီဖြစ်​ကြောင်းNUG မှအချက်အလက်များအရသိ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူတွေ အစုလိုက် သေဆုံးခဲ့တဲ့ ဘွန်ဒီကမ်းခြေ အကြမ်းဖက် ပစ်ခတ်မှုကြီး အပြီးမှာတော့ ဩစတြေးလျ အစိုးရဟာ အရပ်သားတွေဆီက သေနတ်တွေကို ပြန်လည် ဝယ်ယူ သိမ်းဆည်းဖို့ စီစဉ်နေပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံမှာ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်မှုကို မကျေနပ်တဲ့ ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းရာက လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ပြီးတော့ ပြဿနာတွေ အရမ်းပြင်းထန်လာတဲ့နောက် အစိုးရဟာ အဲဒီ ပိတ်ပင်မှုကိုလည်း ရုပ်သိမ်းပေးခဲ့ရပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ လုံးထွေး သတ်ပုတ်ရာက မြန်မာ လူငယ် တစ်ဦးဟာ အသက် ၇၀ အရွယ် ထိုင်းအမျိုးသားကြီး တစ်ဦးကို သေနတ်နဲ့ ပစ်သတ်မိခဲ့ကြောင်း သိရပါတယ်။

သတင်း

သာသ‌နာရေးကားဖြင့် ပုံဖျက်လာသည့် ရဲတပ်ဖွဲ့ဝင်ငါးဦးကို မကွေးတိုင်း ၊ဆင်ပေါင်ဝဲမြို့နယ်၊ ကျောသာကျေးရွာနှင့်သပြေစမ်းကျေးရွာကြားတွင် တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း သရက်ခရိုင်အမှတ် (၅) တပ်ရင်းက ထုတ်ပြန်သည်။