Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေစာရံရဲတပ်ဖွဲ့ခွဲတွင် ရဲနှစ်ဦးရန်ဖြစ်ပြီး​သေနတ်ဖြင့်ပစ်၍ တစ်ဦး​သေ

“အရက်မူးပြီး ရန်ဖြစ်ကြတာ။ တစ်ယောက်က တုတ်နဲ့ ရိုက်တာ။ အရိုက်ခံရတဲ့ကောင်က သေနတ်နဲ့ ပြန်ပစ်တာ။ သေတဲ့သူက အသက်ငယ်ငယ်ပဲ။ ပစ်တဲ့သူကတော့ ပင်စင်နီးနေပြီ” ဟု ရဲတပ်ဖွဲ့ဝင် မိသားစုတစ်ဦးကပြောသည်။

(အမှတ် (၄)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရွှေစာရံ) စခန်းကို​တွေ့ရစဥ်။ ပုံအ​ဟောင်းဖြစ်ပါသည်။)
(အမှတ် (၄)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရွှေစာရံ) စခန်းကို​တွေ့ရစဥ်။ ပုံအ​ဟောင်းဖြစ်ပါသည်။)

ပုသိမ်ကြီးမြို့နယ်ရှိ အမှတ်(၄) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(ရွှေစာရံ)တွင် အရက်မူးနေသည့် ရဲနှစ်ဦး ရန်ဖြစ်ပြီးသေနတ်ပစ်၍ရဲတစ်ဦးသေဆုံးသွားကြောင်း ရဲတပ်ရင်းအနီးတွင် နေထိုင်သူများကပြောသည်။

ယမန်နေ့( ဇွန် ၁၂ရက်) ညကိုးနာရီခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး၏ ရုပ်အလောင်း ဆေးရုံသို့ယူဆောင်သွားသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အရက်မူးပြီး ရန်ဖြစ်ကြတာ။ တစ်ယောက်က တုတ်နဲ့ ရိုက်တာ။ အရိုက်ခံရတဲ့ကောင်က သေနတ်နဲ့ ပြန်ပစ်တာ။ သေတဲ့သူက အသက်ငယ်ငယ်ပဲ။ ပစ်တဲ့သူကတော့ ပင်စင်နီးနေပြီ” ဟု ရဲတပ်ဖွဲ့ဝင် မိသားစုတစ်ဦးကပြောသည်။

စစ်တပ်အာဏာသိမ်းသဖြင့် ပြည်သူများက ငြိမ်းချမ်းစွာဆန္ဒပြ​တောင်းဆိုမှုများကိုအကြမ်းဖက်ဖြိုခွဲသဖြင့်ပြည်သူ့ခုခံ​တော်လှန်စစ်ကို ကြုံ​နေသောစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များတွင် ကြီးနိုင်ငယ်ညှင်း ဖိနှိပ်မှုများ ၊အနိုင်ကျင့်မှုများ၊စိတ်ဝမ်းကွဲမှုများ ကြုံတွေ့နေရပြီးဖိအားများစွာဖြင့် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများစွာ ရှိနေကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလိုကြ​သောရဲတပ်ဖွဲ့ဝင်များသော်လည်း မိသားစုဝင်များကို စစ်ကောင်စီက နည်းမျိုးစုံထိန်းချုပ်ထားသည်ဟု၎င်းကဆက်​ပြောသည်။

“အဆင်မပြေကြတော့ မူးကြ၊ ရူးကြနဲ့ ပရမ်းပတာ ဖြစ်နေကြပြီ” ဟု ဒုရဲမှုးအဆင့်ရှိ အထက်ပါရဲအရာရှိကပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အမိန့်ကိုဖီဆန်ပြီး ပြည်သူနှင့်ပူး​ပေါင်းကာCDM ပြုလုပ်​သောရဲတပ်ဖွဲ့ဝင် တစ်​သောင်းဝန်းကျင် ရှိ​နေပြီဖြစ်​ကြောင်းNUG မှအချက်အလက်များအရသိ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက စစ်ကောင်စီလက်အောက်ခံ Non CDM များ အလင်းဝင်ရန် တိုက်တွန်းချက်များ ဆက်တိုက်ထုတ်ပြန်နေသည်။

နိုင်ငံတကာ

ခြံဝင်းထဲမှာ အနှိပ်ခန်းတစ်ခု၊ ကာရာအိုကေခန်းတွေ၊ စားသောက်ဆိုင် တစ်ခုနဲ့ လိင်ဖျော်ဖြေရေး ပစ္စည်းတွေ စီစဉ်ထားရှိတာကိုလည်း ရဲတွေက ရှာတွေ့ခဲ့ပါတယ်။