Connect with us

Hi, what are you looking for?

သတင်း

အောက်​ခြေစစ်သားများ အာဏာသိမ်းစစ်​ကောင်စီတပ် ​စေခိုင်းသမျှလုပ်​ဆောင်​နေရဟု CDM တပ်သား​ပြော

စစ်ကောင်စီအောက်ခြေ စစ်သားများအနေဖြင့် ရွာစဥ်ပတ်မီးရှို့၊သတ်ဖြတ် မုဒိမ်းကျင့်မှုများသည် အထက်မှ ခွင့်ပြုစေခိုင်းခြင်းတို့ကြောင့် လုပ်ဆောင်ရခြင်းဟုလည်း ၎င်းက ဆိုသည်။

(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား အာဏာသိမ်းစစ်​​ကောင်စီ၏ တပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်း​နေသည်ကို ၂၀၂၁မတ်လက ​တွေ့ရစဥ်၊ ဓာတ်ပုံ - Ye Naung Seven Colour)
(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား အာဏာသိမ်းစစ်​​ကောင်စီ၏ တပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်း​နေသည်ကို ၂၀၂၁မတ်လက ​တွေ့ရစဥ်၊ ဓာတ်ပုံ - Ye Naung Seven Colour)

လူ့အခွင့်အရေးကို နားမလည်ဘဲ အာဏာသိမ်းစစ်​ကောင်စီ၏ ခိုင်းစေသမျှကို အောက်ခြေစစ်သားများလိုက်လံဆောင်ရွက်နေရကြောင်း တပ်မ(၉၉) လက်အောက်ခံ တပ်ရင်း – ၄၁၇မှ CDM ပြုလုပ်လာသော တပ်သားဖိုးထောင်က ပြောကြားသည်။

ကိုယ်ပိုက်နံပါတ် တ – ၅၃၈၆၇၅၊မိတ္ထီလာ -ပျော်ဘွယ် အခြေစိုက် တပ်ရင်း – ၄၁၇မှ တပ်သားဖိုထောင်သည် ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့သို့ မေလ ၂၄ ရက်က မိသားစု နှင့်အတူ ရောက်ရှိလာခြင်းဖြစ်သည်။

“လူ့အခွင့်အရေးကို ဘာမှမသိသေးဘူး။ဘာမှ နားမလည်ဘူး။ သူတို့ခိုင်းတာ လုပ်နေရတယ်။သူတို့က တိုက်ဆို တိုက်ရတယ်။ သွားဆိုသွားရတယ်။တစ်ခါတစ်လေ တပ်ခွဲမှူးဆိုတဲ့သူတောင် ကိုယ်သွားရမယ့် စစ်ဆင်ရေးနေရာကို မသိဘူး။ တစ်ခုခုဖြစ်လာရင်လည်း ဘာမှလုပ်ပေးတာမဟုတ်ဘူး”ဟု CDMတပ်သားဖိုးထောင်က ရှင်းပြသည်။

ထို့ကြောင့် အာဏာသိမ်းစစ်​ကောင်စီတပ်အတွင်း ကျန်ခဲ့သည့် တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများကြားသို့ ဝင်ရောက်လာရန်နှင့် လူ့အခွင့်အရေးများကို လေ့လာရန် ၎င်းက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“အာဏာမသိမ်းခင် လပိုင်းအလိုကတည်းက ကျွန်တော်တို့ ဖုန်းတွေကို ပိတ်ချပစ်တယ်။နောက်မှ ဒီလိုဒီအကြောင်းဆက်စပ်မိတာ။ အာဏာသိမ်းပြီးတော့လည်း မိသားစုတွေ တပ်တွင်းထဲက ပေးမထွက်ဘူး။နောက်ပြီး အခု ရွာတွေကို မီးရှို့ကလေး၊အဘိုးအဘွားအရွယ်တွေပါ မထားဘဲ သတ်ဖြတ်၊မုဒိမ်းကျင့်နေတာတွေ ကို လုံးဝမကြိုက်ဘူး”ဟု CDM တပ်သားဖိုးထောင်က People’s Springသို့ ပြောသည်။

စစ်ကောင်စီအောက်ခြေစစ်သားများအနေဖြင့် ရွာစဥ်ပတ်မီးရှို့၊သတ်ဖြတ် မုဒိမ်းကျင့်မှုများသည် အထက်မှ ခွင့်ပြုစေခိုင်းခြင်းတို့ကြောင့် လုပ်ဆောင်ရခြင်းဟုလည်း ၎င်းက ဆိုသည်။

အလားတူ လစာငွေ ၁၆၂,၀၀၀ ကျပ်မှာလည်း ဦးပိုင်၊ဘဏ်စုငွေ ၊ တပ်တွင်းသက်သာဆိုင် နှင့် တပ်တွင်း ဓမ္မာရုံ အစရှိသဖြင့် သာရေး၊နာရေးများ ဖြတ်ခံရမှုကြောင့် သုံးသောင်းကျပ်သာပိုလေ့ရှိပြီး လစဥ်အများစုမှာ အကြွေးတင်သည်ဟု အသိပေးသည်။

ထို့အပြင် တပ်တွင်း၌ ကိုယ့်ကိုကိုယ် သတ်သေသည့် ရဲဘော်အချို့အပြင် အာဏာသိမ်းစစ်တပ်ကို စိတ်ပျက်နေသည့် ရဲဘော်များရှိသောကြောင့် ၎င်းတို့အနေဖြင့် ဆက်သွယ်လာကြရန်လည်း CDM တပ်သားဖိုးထောင်က တိုက်တွန်းထားသည်။

လက်ရှိ အာဏာသိမ်းစစ်​ကောက်စီတပ်ကို စွန့်ခွာကာ ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့ထံ ဆက်သွယ်ခိုလှုံလာသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၇၀ဦးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

Facebook