Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အောက်​ခြေစစ်သားများ အာဏာသိမ်းစစ်​ကောင်စီတပ် ​စေခိုင်းသမျှလုပ်​ဆောင်​နေရဟု CDM တပ်သား​ပြော

စစ်ကောင်စီအောက်ခြေ စစ်သားများအနေဖြင့် ရွာစဥ်ပတ်မီးရှို့၊သတ်ဖြတ် မုဒိမ်းကျင့်မှုများသည် အထက်မှ ခွင့်ပြုစေခိုင်းခြင်းတို့ကြောင့် လုပ်ဆောင်ရခြင်းဟုလည်း ၎င်းက ဆိုသည်။

(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား အာဏာသိမ်းစစ်​​ကောင်စီ၏ တပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်း​နေသည်ကို ၂၀၂၁မတ်လက ​တွေ့ရစဥ်၊ ဓာတ်ပုံ - Ye Naung Seven Colour)
(ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား အာဏာသိမ်းစစ်​​ကောင်စီ၏ တပ်သားများက လိုက်လံပစ်ခတ်ဖြိုခွင်း​နေသည်ကို ၂၀၂၁မတ်လက ​တွေ့ရစဥ်၊ ဓာတ်ပုံ - Ye Naung Seven Colour)

လူ့အခွင့်အရေးကို နားမလည်ဘဲ အာဏာသိမ်းစစ်​ကောင်စီ၏ ခိုင်းစေသမျှကို အောက်ခြေစစ်သားများလိုက်လံဆောင်ရွက်နေရကြောင်း တပ်မ(၉၉) လက်အောက်ခံ တပ်ရင်း – ၄၁၇မှ CDM ပြုလုပ်လာသော တပ်သားဖိုးထောင်က ပြောကြားသည်။

ကိုယ်ပိုက်နံပါတ် တ – ၅၃၈၆၇၅၊မိတ္ထီလာ -ပျော်ဘွယ် အခြေစိုက် တပ်ရင်း – ၄၁၇မှ တပ်သားဖိုထောင်သည် ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့သို့ မေလ ၂၄ ရက်က မိသားစု နှင့်အတူ ရောက်ရှိလာခြင်းဖြစ်သည်။

“လူ့အခွင့်အရေးကို ဘာမှမသိသေးဘူး။ဘာမှ နားမလည်ဘူး။ သူတို့ခိုင်းတာ လုပ်နေရတယ်။သူတို့က တိုက်ဆို တိုက်ရတယ်။ သွားဆိုသွားရတယ်။တစ်ခါတစ်လေ တပ်ခွဲမှူးဆိုတဲ့သူတောင် ကိုယ်သွားရမယ့် စစ်ဆင်ရေးနေရာကို မသိဘူး။ တစ်ခုခုဖြစ်လာရင်လည်း ဘာမှလုပ်ပေးတာမဟုတ်ဘူး”ဟု CDMတပ်သားဖိုးထောင်က ရှင်းပြသည်။

ထို့ကြောင့် အာဏာသိမ်းစစ်​ကောင်စီတပ်အတွင်း ကျန်ခဲ့သည့် တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများကြားသို့ ဝင်ရောက်လာရန်နှင့် လူ့အခွင့်အရေးများကို လေ့လာရန် ၎င်းက တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

“အာဏာမသိမ်းခင် လပိုင်းအလိုကတည်းက ကျွန်တော်တို့ ဖုန်းတွေကို ပိတ်ချပစ်တယ်။နောက်မှ ဒီလိုဒီအကြောင်းဆက်စပ်မိတာ။ အာဏာသိမ်းပြီးတော့လည်း မိသားစုတွေ တပ်တွင်းထဲက ပေးမထွက်ဘူး။နောက်ပြီး အခု ရွာတွေကို မီးရှို့ကလေး၊အဘိုးအဘွားအရွယ်တွေပါ မထားဘဲ သတ်ဖြတ်၊မုဒိမ်းကျင့်နေတာတွေ ကို လုံးဝမကြိုက်ဘူး”ဟု CDM တပ်သားဖိုးထောင်က People’s Springသို့ ပြောသည်။

စစ်ကောင်စီအောက်ခြေစစ်သားများအနေဖြင့် ရွာစဥ်ပတ်မီးရှို့၊သတ်ဖြတ် မုဒိမ်းကျင့်မှုများသည် အထက်မှ ခွင့်ပြုစေခိုင်းခြင်းတို့ကြောင့် လုပ်ဆောင်ရခြင်းဟုလည်း ၎င်းက ဆိုသည်။

အလားတူ လစာငွေ ၁၆၂,၀၀၀ ကျပ်မှာလည်း ဦးပိုင်၊ဘဏ်စုငွေ ၊ တပ်တွင်းသက်သာဆိုင် နှင့် တပ်တွင်း ဓမ္မာရုံ အစရှိသဖြင့် သာရေး၊နာရေးများ ဖြတ်ခံရမှုကြောင့် သုံးသောင်းကျပ်သာပိုလေ့ရှိပြီး လစဥ်အများစုမှာ အကြွေးတင်သည်ဟု အသိပေးသည်။

ထို့အပြင် တပ်တွင်း၌ ကိုယ့်ကိုကိုယ် သတ်သေသည့် ရဲဘော်အချို့အပြင် အာဏာသိမ်းစစ်တပ်ကို စိတ်ပျက်နေသည့် ရဲဘော်များရှိသောကြောင့် ၎င်းတို့အနေဖြင့် ဆက်သွယ်လာကြရန်လည်း CDM တပ်သားဖိုးထောင်က တိုက်တွန်းထားသည်။

လက်ရှိ အာဏာသိမ်းစစ်​ကောက်စီတပ်ကို စွန့်ခွာကာ ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့ထံ ဆက်သွယ်ခိုလှုံလာသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၇၀ဦးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ထိုင်း - မြန်မာ နယ်စပ်တွင်လည်း တရားမဝင် ဝင်ရောက်လာသည့် လူငယ်များ ဖမ်းဆီးခံရပြီးတွင် ထိုင်းဝန်ကြီးချုပ်က သတိပေးပြောကြားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သတင်း

AA က ရခိုင်ပြည်နယ် တွင် ​မြောက်ဦး ၊မင်းပြား၊​ကျောက်တော် ၊ ​ပေါက်​တော ၊ ​မြေပုံ စ​သောမြို့များကို သိမ်းပိုက်ထားပြီး ရ​သေ့​တောင် ၊​မောင်​တော ၊ မအိ ၊ ​ကျောက်ဖြူ ၊ရမ်းဗြဲ စ​သောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

သတင်း

ကျောက်မဲမြို့နယ်ရှိ အထက်ပါစခန်းသိမ်းတိုက်ပွဲအပြင် မန်တုံမြို့နယ်မှ စစ်ကောင်စီ၏ ခိုမုန်း (မန်နား)တပ်စခန်းကို ယမန်နေ့ ညနေ ၄နာရီခွဲတွင် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်

သတင်း

ယမန်နေ့ (ဒီဇင်ဘာ ၆ ရက်) နံနက် ၉ နာရီခန့်က ရေစကြိုမြို့ရှိ (၂၅၈)တပ်ရင်းမှ စစ်သားသုံးဦးထွက်လာ၍ ရဲဘော်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း ရေစကြို(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောသည်။