Connect with us

Hi, what are you looking for?

News

ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ပူးပေါင်းကြံစည်တဲ့ မြန်မာ ၂ ဦးကို FBI ဖမ်းဆီး

င်ငံခြားသံတမန်တစ်ဦးကို တိုက်ခိုက်ဖို့ကြိုးစားမှုပဲဖြစ်တယ် လို့ အမေရိကန်တရားရေးဝန်ကြီးက ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ကြံစည်မှုနဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို FBI ကနေ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ဖမ်းဆီးအမှုဖွင့်လိုက်တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်တောင်ပိုင်း ဒိစတိတ် ရှေ့နေရုံးက သတင်းထုတ်ပြန်ပါတယ်။

ဖြိုးဟိန်းထွဋ်နဲ့ ရဲဟိန်းဇော်တို့ ၂ ဦးဟာ ဦးကျော်မိုးထွန်းကို ပြင်းပြင်းထန်ထန်ဒဏ်ရာရတဲ့အထိ တိုက်ခိုက်ဖို့ ဒါမှမဟုတ် သတ်ဖို့အထိပြင်ဆင်ခဲ့တာဖြစ်ပြီး ဒါဟာ အမေရိကန်မြေပေါ်မှာ နိုင်ငံခြားသံတမန်တစ်ဦးကို တိုက်ခိုက်ဖို့ကြိုးစားမှုပဲဖြစ်တယ် လို့ အမေရိကန်တရားရေးဝန်ကြီးက ပြောပါတယ်။

ဖြိုးဟိန်းထွဋ် အသက် ၂၈ နှစ်၊ ရဲဟိန်းဇော် ၂၀ နှစ်တို့ကို စစ်ဆေးရာမှာ သူတို့ဟာ ထိုင်းနိုင်ငံမှာရှိတဲ့လက်နှက်ပွဲစားတစ်ဦးနဲ့အတူ ပူးပေါင်းကြံစည်ခဲ့တာဖြစ်ပြီး အဲဒီလက်နက်ပွဲစားက မြန်မာစစ်တပ်ကိုလက်နက်ရောင်းနေတဲ့သူဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

လက်နက်ပွဲစားက ဦးကျော်မိုးထွန်း ရာထူးကနေ ဆင်းသွားတဲ့အထိဖြစ်အောင် ပြင်းပြင်းထန်ထန်ဒဏ်ရာရတဲ့အထိ တိုက်ခိုက်ဖို့၊ အဲဒါနဲ့မှ မရသေးရင် သတ်ဖို့ထိဖြိုးဟိန်းထွတ်ကို ခိုင်းစေထားတာဖြစ်တယ်လို့ ထွက်ဆိုချက်တွေအရ သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ပွဲစားနဲ့ ဖြိုးဟိန်းထွဋ်တို့ အစီအစဉ်ကို သဘောတူပြီးတဲ့နောက် ရဲဟိန်းဇော်က ဖြိုးဟိန်းထွတ်ကို အမေရိကန်ဒေါ်လာ ၄၀၀၀ လွှဲပေးခဲ့ပြီး ကိစ္စပြီးရင်း နောက်ထပ် ဒေါ်လာ ၁၀၀၀ ထပ်ပေးဖို့လည်း သဘောတူထားတယ်လို့ ထွက်ဆိုထားပါတယ်။

ဦးကျော်မိုးထွန်းက အာဏာသိမ်းတာကိုဆန့်ကျင်ပြီး ပြည်သူ့ဘက်ကိုရပ်တည်ခဲ့သူဖြစ်ပြီး သူ့လုံခြုံရေးခြိမ်းခြောက်မှုတွေခံနေရတာကြောင့် အမေရိကန်က လုံခြုံရေးတိုးမြှင့် ပေးထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

Facebook