Connect with us

Hi, what are you looking for?

News

ဘားအံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီတပ်မှ ​လေးဦးသေ၊ ငါးဦးဒဏ်ရာရ

“သူတို့က တပ်တွေလာစွဲထားတော့ လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်။ လှုပ်ရှားမှုပြုလုပ်တော့ ကျွန်တော်တို့ သွားလာနေတာနဲ့ ထိပ်တိုက်ပစ်ခတ်မှုတွေဖြစ်ခဲ့တာ” ဟု တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ပွဲတွင် တပ်မဟာ(၁)ဘက်က ထိခိုက်ကျဆုံးမှုမရှိဟုဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေ ဘားအံမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံတပ်များနှင့် တိုက်ပွဲဖြစ်ပွား၍ စစ်အုပ်စုဘက်မှ ​လေးဦးသေ၊ ငါးဦးဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ (၁)က ယ​နေ့သတင်းထုတ်ပြန်သည်။

KNU သထုံခရိုင်၊ ဘားအံမြို့နယ်၊ မီးပုံးကျေရွာအနီး တွင် စစ်အုပ်စု လက်အောက်ခံ အဖွဲ့နှင့် KNLA တပ်ရင်း (၁) လက်အောက်ခံ တပ်ခွဲ(၂)တို့ သြဂုတ်၁ ရက် ညပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“သူတို့က တပ်တွေလာစွဲထားတော့ လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်။ လှုပ်ရှားမှုပြုလုပ်တော့ ကျွန်တော်တို့ သွားလာနေတာနဲ့ ထိပ်တိုက်ပစ်ခတ်မှုတွေဖြစ်ခဲ့တာ” ဟု တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ပွဲတွင် တပ်မဟာ(၁)ဘက်က ထိခိုက်ကျဆုံးမှုမရှိဟုဆိုသည်။

ဇူလိုင်အတွင်းလည်း KNU တပ်မဟာ(၁)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံအချို့ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးမှုများလည်းရှိခဲ့ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် KNU တပ်မဟာ(၅)၊တပ်မဟာ(၁)၊ တပ်မဟာ(၃) နယ်မြေများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည်။ တပ်မဟာ(၅)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်ပြီး စစ်ကောင်စီတပ်များ အထိနာကာ သေဆုံးဒဏ်ရာရသူများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook