Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင် သမ္မတ ဒူတာတေးရဲ့ သမီး ဒုတိယ သမ္မတအသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို

ဒူတာတေး ကာပီရိုရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ဖခင်ဖြစ်သူ သမ္မတ ဒူတာတေးနဲ့ ဆွေမျိုးသားချင်းတွေ၊ နိုင်ငံရေး မဟာမိတ်တွေအပြင် သမ္မတသစ် ဖြစ်လာမယ့် ဘွန်ဘွန် မားကို့စ်ပါ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ သက်ဆိုင်ရာ ရွေးကောက်ပွဲတွေမှာ သောင်ပြိုကမ်းပြို မဲရလဒ်တွေနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဖိလစ်ပိုင် သမ္မတ ဒူတာတေးရဲ့ သမီး ဒုတိယ သမ္မတအသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို
ဖိလစ်ပိုင် သမ္မတ ဒူတာတေးရဲ့ သမီး ဒုတိယ သမ္မတအသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ သမီးဖြစ်သူဟာ ဖိလစ်ပိုင် ဒုတိယ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဇွန် ၂၀ မှာ ဆာရာ ဒူတာတေး ကာပီရိုဟာ အရှေ့တောင်အာရှ ဒေသက ကျွန်းစုနိုင်ငံရဲ့ ၁၅ ဆက်မြောက် ဒုတိယ သမ္မတ ရာထူးကို ကျမ်းသစ္စာ ကျိန်ဆိုပြီး ရယူခဲ့ပါတယ်။ အာဏာရှင် သမ္မတဟောင်း ဖာဒီနန် မားကို့စ်ရဲ့ သားဖြစ်သူ ဖာဒီနန် (ဘွန်ဘွန်) မားကို့စ် ဂျူနီယာကတော့ သမ္မတသစ် ရာထူးကို ဇွန်လ ၃၀ မှာ ကျမ်းသစ္စာ ကျိန်ဆိုပြီး ရယူမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒူတာတေးတို့ သားအဖဟာ ဖိလစ်ပိုင်ရဲ့ သမ္မတနဲ့ ဒုတိယ သမ္မတတွေအဖြစ် ၁၀ ရက်ကြာ လက်တွဲ အလုပ်လုပ်ခွင့် ရမယ့် သဘောပါ။ ဖိလစ်ပိုင်ရဲ့ ဖွဲ့စည်းပုံ ဥပဒေတွေအရ လက်ရှိ သမ္မတဟာ သက်တမ်း ၆ နှစ် ကုန်ဆုံးရင် နောက်ထပ် ရွေးကောက်ပွဲဝင်ခွင့် မရှိတော့ပါဘူး။ နောက်ပြီး ဒုတိယ သမ္မတကလည်း သမ္မတ ရွေးချယ်တာမျိုး မဟုတ်ဘဲ သီးခြား ရွေးကောက်ပွဲ ဝင်ရပါတယ်။ သမ္မတနဲ့ ဒုတိယ သမ္မတတို့မှာ ကွဲပြားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေလည်း အသီးသီး ရှိကြပါတယ်။

မေလတုန်းက ပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ သမ္မတ နေရာအတွက် ဘွန်ဘွန်မားကို့စ်နဲ့ ဒုတိယ သမ္မတ နေရာအတွက် ဒူတာတေး ကာပီရိုတို့က အသီးသီး အနိုင်ရခဲ့ကြတာပါ။ အသက် ၄၄ နှစ်အရွယ် ဒူတာတေး ကာပီရိုက သူ့အတွက် အနာဂတ်မှာ စိန်ခေါ်မှုတွေ အများကြီး စောင့်ကြိုနေမယ်မှန်း နားလည်ကြောင်း၊ သူဟာ ဖိလစ်ပိုင်ရဲ့ ဒုတိယ သမ္မတ အနေနဲ့ နိုင်ငံကို ပိုပြီး စည်းလုံး ညီညွတ်အောင် ကူညီသွားလိုကြောင်း ဇာတိမြို့ ဒါဗာအိုမှာ ကျင်းပတဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါဗာအိုဟာ ဒူတာတေးတို့ သားအဖအတွက် နိုင်ငံရေး အောင်မြေလို့တောင် သတ်မှတ်နိုင်ပြီး ဒူတာတေးဟာ ဒါဗာအို မြို့တော်ဝန် ဘဝကနေ စပြီး လူသိများလာတာပါ။ သူသမ္မတ ဖြစ်လာတော့လည်း မြို့တော်ဝန် ရာထူးကို သမီးဖြစ်တဲ့ ဒူတာတေး ကာပီရိုက ဆက်ခံခဲ့ပါတယ်။

ဒူတာတေး ကာပီရိုရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ဖခင်ဖြစ်သူ သမ္မတ ဒူတာတေးနဲ့ ဆွေမျိုးသားချင်းတွေ၊ နိုင်ငံရေး မဟာမိတ်တွေအပြင် သမ္မတသစ် ဖြစ်လာမယ့် ဘွန်ဘွန် မားကို့စ်ပါ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ သက်ဆိုင်ရာ ရွေးကောက်ပွဲတွေမှာ သောင်ပြိုကမ်းပြို မဲရလဒ်တွေနဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဖခင်လိုပဲ ဒူတာတေး ကာပီရိုဟာ နိုင်ငံရေး လောကထဲ မဝင်ခင် ရှေ့နေ တစ်ဦး ဖြစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ဖခင်ရဲ့ လက်ထောက် မြို့တော်ဝန်အဖြစ် ဒါဗာအိုမှာ တာဝန်ယူခဲ့ပါတယ်။ ၂၀၁၀ မှာတော့ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံပြီး မြို့ရဲ့ ပထမဆုံးသော အမျိုးသမီး မြို့တော်ဝန်အဖြစ် တင်မြှောက် ခံခဲ့ရပါတယ်။ သူဟာ သမ္မတသစ် ဖြစ်လာမယ့် ဘွန်ဘွန် မားကို့စ်ရဲ့ အစိုးရ အဖွဲ့ထဲမှာ ပညာရေး ဝန်ကြီး အနေနဲ့လည်း တာဝန်ယူဖို့ သဘောတူညီထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ဟာမြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေတာကြောင့်အာဆီယံအဖွဲ့ကနေဖိလစ်ပိုင် နှုတ် ထွက်သွားသင့်တယ်လို့ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ကြံခိုင်ရေးပါတီရဲ့နေပြည်တော်နယ်မြေ ဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိဟောင်းဦးလှဆွေကစစ်တပ်ရဲ့လွှတ်တော်မှာ ဒီနေ့ (ဇူလိုင် ၉) မှာ ပြောလိုက်ပါတယ်။