Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူထောင်ဂဏန်းလောက် ကာကွယ်ဆေးအစား တခြားဆေး ထိုးပေးခံခဲ့ရတယ်လို့ ဂျာမန်ရဲတပ်ဖွဲ့ ယူဆ

ဂျာမနီ နိုင်ငံမှာ သူနာပြု တစ်ဦးက လူပေါင်း ထောင်နဲ့ချီပြီး Covid-19 ကာကွယ်ဆေးအစား တခြားဆေးတစ်မျိုး ထိုးပေးခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်အပေါ် အရေးတကြီး စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

ဂျာမနီမြောက်ပိုင်း၊ ဖရိုင်းစ်လန်း ဒေသက ရဲတပ်ဖွဲ့ဟာ အသက် ၄၀ အရွယ် သူနာပြု အမျိုးသမီးရဲ့ လုပ်ရပ်ကြောင့် နောက်ဆက်တွဲ ထိခိုက်မှုတွေ ဘယ်လောက်ထိ ရှိနိုင်သလဲဆိုတာ စုံစမ်းနေကြောင်း အတည်ပြုခဲ့ပါတယ်။ အဲဒီ သူနာပြုဟာ သူတာဝန်ယူပြီး ကာကွယ်ဆေး ထိုးရချိန်မှာ Saline Solution ဆေးရည်တွေ ထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဆေးရည်ဟာ ထိုးနှံခံရသူအတွက် အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမဲ့ ဆေးထိုးပေးလိုက်သူတွေက သူတို့ကိုယ်သူတို့ ကာကွယ်ဆေး ထိုးထားပြီးပြီလို့ ယူဆတဲ့အတွက် ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။

သူနာပြုက သူဟာ ဧပြီလတုန်းက ဆေးပုလင်းတွေ ကျကွဲသွားလို့ လူ ၆ ဦးကို Saline Solution အစားထိုးပြီး ဆေးထိုးမိခဲ့ကြောင်း ဝန်ခံ ထွက်ဆိုထားပါတယ်။ ဒါပေမဲ့လည်း နောက်ဆက်တွဲ စစ်ဆေးမှုတွေအရ သူဆေးထိုးပေးခဲ့တာ လူပေါင်း ၈၆၀၀ ကျော် ရှိခဲ့ပြီး Saline Solution ထိုးပေးတာ ခံရသူ ထောင်နဲ့ချီ များပြားနိုင်တယ်ဆိုတဲ့ သံသယဝင်စရာ အခြေအနေတွေ တွေ့လာရပါတယ်။

သူနာပြုရဲ့ ရှေ့နေတွေကတော့ ဆေးပြောင်းထိုးပေးသူတွေ အများကြီးရှိတယ်ဆိုတဲ့ စွဲချက်ကို ပြောင်းလဲဖို့ အဓိက ကြိုးစားနေပါတယ်။ ဒီအမှုကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး လတ်တလောမှာတော့ ရဲတွေက မျက်မြင်တွေရဲ့ ထွက်ချက်တွေကို အဓိက စုစည်းနေကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ကခွေးလေးခွေးလွင့်​တွေနဲ့ အိမ်မွေးခွေး၊ကြောင်​တွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မွေးမြူရေးနှင့် ကုသရေးဌာနက ကာကွယ်ဆေးအခမဲ့ လိုက်လံထိုးပေး​နေပါတယ်။

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။