Connect with us

Hi, what are you looking for?

သတင်း

နာကြည်းချက်များကို ခွန်အားအဖြစ်ပြောင်းလဲပြီး တော်လှန်ရေးတွင် လုံ့လစိုက် ကြရန် အောင်ဆန်းPDF တိုက်တွန်း

“နားကျည်းမှုတွေ၊ နာကျည်းချက်တွေကို ခွန်အားအဖြစ် ပြောင်းလဲပြီး တော်လှန်ရေးမှာ သတိရှိရှိနဲ့ လုံ့လစိုက်ကြဖို့ မိဘပြည်သူအပေါင်းကို မေတ္တာရပ်ပါရစေခင်ဗျာ” ဟု Aung San Forceက တိုက်တွန်းထားသည်။

အောင်ဆန်းPDF
အောင်ဆန်းPDF

နာကြည်းချက်များကို ခွန်အားအဖြစ်ပြောင်းလဲပြီး တော်လှန်ရေးတွင် လုံ့လ စိုက်ကြရန် ပြည်သူလူထုအား မုံရွာမြို့ အခြေစိုက်အောင်ဆန်းPDFက တိုက်တွန်းလိုက်သည်။

ဦးဂျင်မီ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ လေးဦးကို အကြမ်းဖက် စစ်ကောင်စီက သေဒဏ်ပြစ်ဒဏ်စီရင်ပြီးကြောင်း ယနေ့(ဇူလိုင် ၂၅ရက်) ထုတ်ပြန်သည့် သတင်းကြောင့် ပြည်သူလူထုက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ရှုတ်ချနေစဥ် မုံရွာခရိုင် အမှတ်(၅)တပ်ရင်း၊ Aung San Force က တိုက်တွန်းချက်ထုတ်ပြန်​ခြင်းဖြစ်သည်။

“နားကျည်းမှုတွေ၊ နာကျည်းချက်တွေကို ခွန်အားအဖြစ် ပြောင်းလဲပြီး တော်လှန်ရေးမှာ သတိရှိရှိနဲ့ လုံ့လစိုက်ကြဖို့ မိဘပြည်သူအပေါင်းကို မေတ္တာရပ်ပါရစေခင်ဗျာ” ဟု Aung San Forceက တိုက်တွန်းထားသည်။

ထို့အပြင် ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင် ဟံသာဝတီဦးဝင်းတင် မကွယ်လွန်မီက လူထုအား တိုက်တွန်းချက်ကိုလည်း Aung San Forceက ထပ်ဆင့် မျှဝေထားသည်။

Public Service Announcement

Public Service Announcement

“ဆရာကြီး ဦးဝင်းတင်မှာတာ သတိရပါ။ စိတ်ဓာတ် မကျိုးပဲ့စေနဲ့။စုဖွဲ့မှု မကျိုးပဲ့စေနဲ့။ကျန်းမာရေး မကျိုးပဲ့စေနဲ့တဲ့”ဟု ရေးသားထားသည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အမတ် ဟောင်း ဦးဖြိုးဇေယျာသော်၊ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို သေဒဏ်ပြစ်ဒဏ် စီရင်ပြီးကြောင်း စစ်ကောင်စီက ယနေ့ နံနက်တွင် ကြေညာထားသည်။ထို့ကြောင့် စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းရေးအတွက် ဘက်ပေါင်းစုံမှ ထိုးစစ်ဆင်ကြရန် တော်လှန်ရေး အင်အားစုများအား အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု-GSCBက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။