Connect with us

Hi, what are you looking for?

သတင်း

တမူးတွင် နယ်ထိန်းရဲတပ်ကြပ် ကားကို PDFသိမ်းဆည်း

တမူးမြိနယ်၊ မြို့သစ်မြို့ နယ်ထိန်းရဲတပ်ကြပ် ဇော်မင်းထွန်းပိုင်ဆိုင်သည့် အဆိုပါမော်တော်ယာဉ် မြို့သစ်မြို့မှ တမူးမြို့ကို ဇွန်လ၂၈ ရက်က မောင်းနှင် လာစဉ် PDF-တမူးက သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။

တမူးတွင် နယ်ထိန်းရဲတပ်ကြပ် ကားကို PDFသိမ်းဆည်း
တမူးတွင် နယ်ထိန်းရဲတပ်ကြပ် ကားကို PDFသိမ်းဆည်း

စစ်ကိုင်းတိုင်း ၊ တမူးမြို့ နယ်ထိန်းရဲတပ်ကြပ်ပိုင်ဆိုင်သည့် လိုင်စင်မဲ့ကားကို သိမ်းဆည်းလိုက်ကြောင်း PDF-တမူး တပ်ရင်း(၁)က ထုတ်ပြန်သည်။

တမူးမြိနယ်၊ မြို့သစ်မြို့ နယ်ထိန်းရဲတပ်ကြပ် ဇော်မင်းထွန်းပိုင်ဆိုင်သည့် အဆိုပါမော်တော်ယာဉ် မြို့သစ်မြို့မှ တမူးမြို့ကို ဇွန်လ၂၈ ရက်က မောင်းနှင် လာစဉ် PDF-တမူးက သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။

တမူးတွင် နယ်ထိန်းရဲတပ်ကြပ် ကားကို PDFသိမ်းဆည်း
တမူးတွင် နယ်ထိန်းရဲတပ်ကြပ် ကားကို PDFသိမ်းဆည်း

PDF-တမူး၊ တပ်ရင်း(၁)က တမူး – အောင်ဇေယျလမ်းပိုင်းကို နယ်မြေလုံခြုံရေး နှင့် စိုးမိုးနိုင်ရေး ဆောင်ရွက်နေစဉ် အဆိုပါကားကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု လည်း ထုတ်ပြန်သည်။

အဆိုပါမော်တော်ယာဉ်သည် လိုင်စင်မဲ့ကားဖြစ်ပြီး အများပြည်သူထံမှ မတရားငွေညှစ်တောင်းခံ ခြင်း၊ သစ်၊ ကျွဲနွား၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသူများထံမှ လိုင်းကြေးကောက်ခံရငွေ များဖြင့် ဝယ်ယူထား ခြင်းဖြစ်သည်ဟု PDF-တမူးက ဆိုသည်။

Public Service Announcement

Public Service Announcement

လမ်းပိုင်းတွင် စစ်ကောင်စီနှင့်ပတ်သတ်သည့် အရာများစစ်ဆေးတွေ့ရှိပါက သိမ်းဆည်းကာ တော်လှန်ရေးတွင် အသုံးပြုသွားမည်ဟု PDF-တမူးတပ်ရင်း(၁) က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ