Connect with us

Hi, what are you looking for?

ဗီဒီယို

ရုရှားစစ်တပ် ဖွဲ့စည်းပုံ ချဲ့ထွင်ဖို့ ပူတင် အမိန့်ပေး

ရုရှားစစ်တပ်မှာ အမြဲတမ်း တပ်ဖွဲ့ဝင် အရေအတွက် အပြောင်းအလဲကို ကြေညာတာက ၅ နှစ်အတွင်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ရုရှားစစ်တပ် အင်အားကို သိသိသာသာ တိုးမြှင့် ဖွဲ့စည်းသွားဖို့ သမ္မတ ဗလာဒီမာ ပူတင်က အမိန့်ပေး ညွှန်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရုရှားဟာ စစ်တပ် ဖွဲ့စည်းပုံကို ပိုမို ကျစ်လစ်အောင် လျှော့ချလာရာကနေ သိသာတဲ့ အလှည့်အပြောင်း တစ်ခုဆီ ဦးတည်သွားတဲ့ သဘောပါပဲ။ ရုရှားဟာ ယူကရိန်းကို စစ်ပြု ကျူးကျော်ခဲ့တဲ့နောက် ထင်ထားတာထက် ပိုရှည်ကြာတဲ့ စစ်ပွဲထဲ ကျွံဝင်မိခဲ့သလို စစ်သည်အင်အား အမြောက်အမြား ပြုန်းတီးမှုနဲ့ပါ ကြုံနေရပါတယ်။

ပူတင်ရဲ့ သမ္မတရုံး အမိန့်နဲ့ ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်ကို ကရင်မလင် နန်းတော် ဝက်ဘ်ဆိုက်မှာ ဩဂုတ် ၂၅ ရက် ရက်စွဲနဲ့ ကြေညာထားခဲ့ပါတယ်။ ရုရှားဟာ အမြဲတမ်း တပ်ဖွဲ့ဝင် ဦးရေကို လက်ရှိ ဖွဲ့စည်းပုံထက် အမှုထမ်း ၁၃၇၀၀၀ လောက် တိုးမြှင့်ပြီး ၁.၁၅ သန်းလောက်ထိ ချဲ့ထွင်သွားဖို့ ရည်ရွယ်ထားကြောင်း အဲဒီ ကြေညာချက်မှာ ပါရှိနေပါတယ်။ စုစုပေါင်း စစ်အင်အားဟာ လက်ရှိ ၁.၉ သန်းလောက် ရှိရာက ၂.၁ ဝန်းကျင်လောက်ထိ ရောက်ရှိဖို့ ရည်ရွယ်ထားပါတယ်။

ရုရှားစစ်တပ်မှာ အမြဲတမ်း တပ်ဖွဲ့ဝင် အရေအတွက် အပြောင်းအလဲကို ကြေညာတာက ၅ နှစ်အတွင်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ပူတင်က စစ်တပ်ကို တိုးချဲ့ဖွဲ့စည်းဖို့ လိုလားနေပေမယ့် လက်တွေ့မှာတော့ တပ်သားသစ်တွေ စုဆောင်းဖို့ အခက်အခဲပေါင်းစုံ ကြုံရနိုင်တယ်လို့ နိုင်ငံတကာ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားစစ်တပ်ဟာ ယူကရိန်းနဲ့ စစ်ပွဲမှာ သေဆုံးတာ၊ ဆက်ပြီး အမှုထမ်းနိုင်တဲ့ထိ ဒဏ်ရာရသွားတာကြောင့် စစ်သည်အင်အား ၈၀၀၀၀ ထက်မနည်း ဆုံးရှုံးခဲ့ပြီးပြီလို့ ယုံကြည်ရပါတယ်။ အခုလို စစ်တပ်အင်အား တိုးချဲ့ ဖွဲ့စည်းမယ်လို့ ကြေညာလိုက်တာဟာ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ပူတင်က လက်လျှော့မယ့် အရိပ်အယောင် မတွေ့ရဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးလို့ စောင့်ကြည့် အကဲခတ်သူတွေက ပြောပါတယ်။

ရုရှားမှာ အရွယ်ရောက်ပြီး ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတိုင်း အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြား အရွယ်မှာ အနည်းဆုံး ၁ နှစ် မဖြစ်မနေ စစ်မှုထမ်းဖို့ စည်းမျဉ်း သတ်မှတ်ထားပါတယ်။ ရုရှား အစိုးရက အမြဲတမ်း စစ်သည်တွေကိုပဲ ယူကရိန်း စစ်မြေပြင် စေလွှတ်မယ်လို့ ကြေညာထားပေမယ့် နောက်ပိုင်းမှာ ၁ နှစ် ယာယီ စစ်မှုထမ်းတွေကိုပါ ရှေ့တန်း ပို့ခဲ့ကြောင်း အထောက်အထားတွေ ထွက်ပေါ်လာလို့ ပြဿနာတွေ တက်ခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။