Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မဟာအောင်မြေတွင်ပြုလုပ်သည့် စစ်အုပ်စုတွေ့ဆုံပွဲ ဗုံးထုတိုက်ခိုက်ခံရ

“ကျွန်ုပ်တို့ စုံစမ်းရရှိသည်မှာ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးပြင်းထန် ဒဏ်ရာနှင့်အရေးပေါ် ဆေးရုံတင်ထားရသည်ဟုသိရပြီး ခွေးသေများပင်ရှိနိုင်ကြောင်းသိရှိခဲ့ရပါ သည်”ဟု MDY-PDF က ဖော်ပြသည်။

မန္တလေးတွင်ပြုလုပ်သည့် စစ်အုပ်စု၏ တွေ့ဆုံပွဲတစ်ခုအားတွေ့ရစဥ်(ပုံဟောင်း)
မန္တလေးတွင်ပြုလုပ်သည့် စစ်အုပ်စု၏ တွေ့ဆုံပွဲတစ်ခုအားတွေ့ရစဥ်(ပုံဟောင်း)

▪️လေးဦးထက်မနည်း ထိခိုက်၊ နှစ်ဦးဒဏ်ရာပြင်းထန်ဟုဆို

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ပြုလုက်သည့် စစ်အုပ်စုတွေ့ဆုံပွဲအား ဗုံးထုတိုက်ခိုက်ခဲ့ရာ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားပြီး နှစ်ဦးဒဏ်ရာပြင်းထန်ကြောင်း MDY-PDF က ယနေ့(စက်တင်ဘာ ၃) ထုတ်ပြန် သည်။

စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် မဟာနွယ်စဥ်ရပ်ကွက်၊ ၄၀ × ၄၁ လမ်းနှင့် ၇၁ × ၇၂ ကြားရှိ ဗောဓိပင်ဘုရားဓမ္မာရုံအတွင်း စစ်အုပ်စုထောက်ခံသူများနှင့် စည်းရုံးဟောပြောမှုပြုလုပ်နေစဥ် MDY-PDF နှင့် People’s Dictatorship Revolutionary Force-PDRF တို့မှ ဗုံးပစ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက် အောက်ခံ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးမှူး ဦးဘိုဘိုဟန်နှင့် ရာအိမ်မှူး ဦးညွှန့် လွင် အပါအဝင် လေးဦးဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ရာ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ဆိုသည်။

“ကျွန်ုပ်တို့ စုံစမ်းရရှိသည်မှာ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးပြင်းထန် ဒဏ်ရာနှင့်အရေးပေါ် ဆေးရုံတင်ထားရသည်ဟုသိရပြီး ခွေးသေများပင်ရှိနိုင်ကြောင်းသိရှိခဲ့ရပါ သည်”ဟု MDY-PDF က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

MDY-PDF အနေဖြင့် စစ်ဆင်ရေးများအား အလျင်းသင့်သလို ပြုလုပ်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်နေသောနေရာများနှင့် ဝေးနိုင်သမျှ သတိထား၍နေထိုင်ကြပါရန် ထပ်မံသတိပေးတောင်းဆိုအပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook