Connect with us

Hi, what are you looking for?

သတင်း

ဝင်တိုက်ခံရသည့် မြိုင်နယ် ကန်နီပျူရွာမှ စစ်အုပ်စုက ရွာနှစ်ရွာကို မီးရှို့ဖျက်ဆီး

ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် ကန်နက်ရွာရှိ နေအိမ် နှစ်လုံး၊ အိုးဘိုရွာရှိ နေအ်ိမ် ၁၄လုံး စုစုပေါင်း ၁၆လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(အိုးဘိုရွာနှင့် ကန်နက်ရွာရှိ မီးရှို့ဖျက်ဆီးခြင်းခံရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-BEGSC-Myaing)
(အိုးဘိုရွာနှင့် ကန်နက်ရွာရှိ မီးရှို့ဖျက်ဆီးခြင်းခံရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-BEGSC-Myaing)

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းတွင် ကန်နီပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူများက ကျေးရွာနှစ်ရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့၍ နေအိမ် ၁၆လုံး ပြာကျခဲ့ကြောင်း ​ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (စက်တင်ဘာလ ၅ ရက်) နံနက် ၉နာရီခွဲခန့်က မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီ(ပျူ)ရွာတွင် အထိုင်ချတပ်စွဲထားသ​ည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူများသည် မြိုင်နယ်မြောက်ပိုင်း၌ပင်ရှိသည့် အိုးဘိုရွာနှင့် ကန်နက်ရွာကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

(အိုးဘိုရွာနှင့် ကန်နက်ရွာရှိ မီးရှို့ဖျက်ဆီးခြင်းခံရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-BEGSC-Myaing)
(အိုးဘိုရွာနှင့် ကန်နက်ရွာရှိ မီးရှို့ဖျက်ဆီးခြင်းခံရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-BEGSC-Myaing)

ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် ကန်နက်ရွာရှိ နေအိမ် နှစ်လုံး၊ အိုးဘိုရွာရှိ နေအ်ိမ် ၁၄လုံး စုစုပေါင်း ၁၆လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အိုးဘိုရွာနှင့် ကန်နက်ရွာသည် ယခင်ကလည်းအကြမ်းဖက်စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပြီး ယခုအခါ ဒုတိယအကြိမ်မြောက် ထပ်မံမီးရှို့ခံရခြင်းဖြစ်ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“အိုးဘိုရွာက ကန်နီပျူရွာရဲ့ အနောက်ဘက်မှာ ရှိတာပါ။ ကန်နီမှာလ​ည်း အင်အားတစ်ရာလောက် တိုးချထားတယ်။ အိုးဘိုကျေးရွာကိုရွာအရှေ့တောင်ပိုင်းကနေဝင်ပြီး ရွာအနောက်ပိုင်းကစ မီးရှို့သွားတာ။ ဒေသခံတွေလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နှင့် ၂ရက်များက မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီ(ပျူ)ရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသတွင်းမဟာမိတ်အဖွဲ့များက နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

Facebook