Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝင်တိုက်ခံရသည့် မြိုင်နယ် ကန်နီပျူရွာမှ စစ်အုပ်စုက ရွာနှစ်ရွာကို မီးရှို့ဖျက်ဆီး

ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် ကန်နက်ရွာရှိ နေအိမ် နှစ်လုံး၊ အိုးဘိုရွာရှိ နေအ်ိမ် ၁၄လုံး စုစုပေါင်း ၁၆လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(အိုးဘိုရွာနှင့် ကန်နက်ရွာရှိ မီးရှို့ဖျက်ဆီးခြင်းခံရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-BEGSC-Myaing)
(အိုးဘိုရွာနှင့် ကန်နက်ရွာရှိ မီးရှို့ဖျက်ဆီးခြင်းခံရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-BEGSC-Myaing)

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်းတွင် ကန်နီပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူများက ကျေးရွာနှစ်ရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့၍ နေအိမ် ၁၆လုံး ပြာကျခဲ့ကြောင်း ​ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (စက်တင်ဘာလ ၅ ရက်) နံနက် ၉နာရီခွဲခန့်က မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီ(ပျူ)ရွာတွင် အထိုင်ချတပ်စွဲထားသ​ည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူများသည် မြိုင်နယ်မြောက်ပိုင်း၌ပင်ရှိသည့် အိုးဘိုရွာနှင့် ကန်နက်ရွာကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

(အိုးဘိုရွာနှင့် ကန်နက်ရွာရှိ မီးရှို့ဖျက်ဆီးခြင်းခံရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-BEGSC-Myaing)
(အိုးဘိုရွာနှင့် ကန်နက်ရွာရှိ မီးရှို့ဖျက်ဆီးခြင်းခံရသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-BEGSC-Myaing)

ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် ကန်နက်ရွာရှိ နေအိမ် နှစ်လုံး၊ အိုးဘိုရွာရှိ နေအ်ိမ် ၁၄လုံး စုစုပေါင်း ၁၆လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အိုးဘိုရွာနှင့် ကန်နက်ရွာသည် ယခင်ကလည်းအကြမ်းဖက်စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပြီး ယခုအခါ ဒုတိယအကြိမ်မြောက် ထပ်မံမီးရှို့ခံရခြင်းဖြစ်ကြောင်း We Love Myaing အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“အိုးဘိုရွာက ကန်နီပျူရွာရဲ့ အနောက်ဘက်မှာ ရှိတာပါ။ ကန်နီမှာလ​ည်း အင်အားတစ်ရာလောက် တိုးချထားတယ်။ အိုးဘိုကျေးရွာကိုရွာအရှေ့တောင်ပိုင်းကနေဝင်ပြီး ရွာအနောက်ပိုင်းကစ မီးရှို့သွားတာ။ ဒေသခံတွေလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နှင့် ၂ရက်များက မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီ(ပျူ)ရွာရှိ စစ်ကောင်စီတပ်နှင့်ပျူများအား ဒေသတွင်းမဟာမိတ်အဖွဲ့များက နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။