Connect with us

Hi, what are you looking for?

ဗီဒီယို

Delta ကူးစက်မှုတွေကို ထိန်းချုပ်နိုင်တဲ့ ပထမဆုံးနိုင်ငံ တရုတ် ဖြစ်လာနိုင်

တရုတ်ဟာ Covid-19 ကပ်ရောဂါရဲ့ မူလအစ နိုင်ငံ ဖြစ်ပေမယ့် ရောဂါ ထိန်းချုပ်ရေးမှာတော့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ Delta မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်တွေ့ရှိလာချိန်မှာ တရုတ်ဟာ လူပေါင်း ၁၀ သန်းကျော်ကို အသွားအလာ ကန့်သတ် Lockdownချပြီး ရောဂါ ပျံ့နှံ့မှုကို တားဆီးခဲ့ပါတယ်။

တရုတ်ဟာ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ဟန့်တား ထိန်းချုပ်နိုင်တဲ့ ပထမဆုံး ကမ္ဘာ့နိုင်ငံ ဖြစ်လာဖွယ် ရှိနေပါတယ်။

တရုတ်ဟာ တခြား ကမ္ဘာ့နိုင်ငံ အများအပြားနည်းတူ Covid-19 ရောဂါ ကူးစက်နှုန်း ပိုမိုမြန်ဆန်တဲ့ Delta မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဩဂုတ် ၂၃ ရက်မှာတော့ ပြည်တွင်း ကူးစက်မှုအသစ် လုံးဝ မရှိတဲ့ အခြေအနေကို ရောက်လာခဲ့ပါတယ်။

တရုတ် အာဏာပိုင်တွေက ပြည်တွင်းမှာ ရောဂါကူးစက်နှုန်း သုညမှတ်ထိ ရောက်သွားအောင် နှစ်ဆတိုး အားထုတ်မယ်လို့ ကြွေးကြောထားပါတယ်။ တရုတ်မှာ ဇူလိုင် ၂၀ ကစလို့ Deltaမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တွေ့ရှိလာခဲ့ပါတယ်။ နိုင်ငံ အရှေ့ပိုင်း နန်ဂျင်းမြို့ လေဆိပ်က သန့်ရှင်းရေး ဝန်ထမ်းတွေမှာ ရောဂါကူးစက်နေတာကို ပထမဆုံး စိစစ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာ Covid-19 ကပ်ရောဂါရဲ့ မူလအစ နိုင်ငံ ဖြစ်ပေမယ့် ရောဂါ ထိန်းချုပ်ရေးမှာတော့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ Delta မျိုးကွဲ ဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်တွေ့ရှိလာချိန်မှာ တရုတ်ဟာ လူပေါင်း ၁၀ သန်းကျော်ကို အသွားအလာ ကန့်သတ် Lockdownချပြီး ရောဂါ ပျံ့နှံ့မှုကို တားဆီးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ နောက်ထပ် ရက်ပိုင်းလောက် ဆက်တိုက် ကူးစက်မှုတွေ ထပ်မရှိဘူး ဆိုရင်တော့ တရုတ်ဟာ ကမ္ဘာပေါ်မှာ Delta မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ပထမဆုံးအကြိမ် ဟန့်တားနိုင်တဲ့ နိုင်ငံအဖြစ် မှတ်တမ်း ဝင်လာနိုင်ပါတယ်။ စင်ကာပူ၊ နယူးဇီလန်၊ ဩစတြေးလျတို့ အပါအဝင် နိုင်ငံတချို့ကလည်း ပြည်တွင်းမှာ ကူးစက်မှု သုညမှတ်ထိ ရောက်သွားအောင် ပစ်မှတ်ထား ကြိုးစားနေကြကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။