Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်အစိုးရက ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း အာဘေးကို နိုင်ငံတော် ဈာပနနဲ့ ဂုဏ်ပြု

ဝန်ကြီးချုပ်ဟောင်းကို ချစ်ခင် လေးစားသူတွေကလည်း နာရေး အခမ်းအနား ကျင်းပရာ နေရာတဝိုက်မှာ စုဝေးပြီး နောက်ဆုံးအနေနဲ့ ဂါရဝပြု နှုတ်ဆက်ခဲ့ကြပါတယ်။ ဂျပန်စစ်တပ်ကလည်း အမြောက်တွေ၊ သေနတ်တွေ ပစ်ဖောက်ပြီး အာဘေးရဲ့ နောက်ဆုံးခရီးကို ဂုဏ်ပြုခဲ့ကြပါတယ်။

ဂျပန်အစိုးရက ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း အာဘေးကို နိုင်ငံတော် ဈာပနနဲ့ ဂုဏ်ပြု
ဂျပန်အစိုးရက ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း အာဘေးကို နိုင်ငံတော် ဈာပနနဲ့ ဂုဏ်ပြု

ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးအတွက် ဂျပန်အစိုးရက နိုင်ငံတော် ဈာပန အခမ်းအနား တစ်ခုနဲ့ ဂုဏ်ပြုခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်က တိုကျိုမြို့တော်မှာ ကျင်းပတဲ့ အခမ်းအနားကို လက်ရှိ ဂျပန်အစိုးရရဲ့ အဖွဲ့ဝင်တွေ၊ ကမ္ဘာ့နိုင်ငံ အသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဧည့်သည်တော်တွေ စာရင်းမှာ အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်၊ ဂျပန် အိမ်ရှေ့စံမင်းသား အကီရှီနို၊ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီတို့လည်း ပါဝင်ခဲ့ပါတယ်။

အာဘေးဟာ ဂျပန်နိုင်ငံ သမိုင်းကြောင်းမှာ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာ ဇူလိုင်လတုန်းက လုပ်ကြံသူ တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့တာပါ။ အာဘေးကို ချစ်ခင်လေးစားသူတွေ အများအပြား ရှိသလို တစ်ဖက်မှာလည်း သူ့ရဲ့ နာရေးအတွက် နိုင်ငံတော် ဈာပနအဖြစ် သတ်မှတ် ကျင်းပတာကို မကျေမနပ် ကန့်ကွက်တာတွေလည်း ပေါ်ပေါက်လာပါတယ်။

အထူးသဖြင့် အခွန်ထမ်း ပြည်သူတွေရဲ့ ငွေကြေးတွေ အမြောက်အမြားကို အစိုးရက အသုံးပြုပြီး နိုင်ငံတော် ဈာပန ကျင်းပခဲ့တဲ့အပေါ် ဆန္ဒပြတာတွေ ရှိလာပါတယ်။ ဈာပန အခမ်းအနား ကျင်းပနေချိန်မှာတောင် ဆန္ဒပြသူ တချို့နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား အငြင်းအခုံတွေ ဖြစ်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ခင်ပွန်းသည်ရဲ့ ဈာပန အခမ်းအနားမှာ ဝန်ကြီးချုပ်ဟောင်းကတော် အကီအဘေးက အနက်ရောင် ကီမိုနိုကို ဝတ်ဆင်လာပြီး လက်ရှိ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့အတူ ရောက်ရှိလာတာကို တွေ့ရပါတယ်။ ဝန်ကြီးချုပ် ကီရှီဒါက သူ့ရဲ့ မိန့်ခွန်းမှာ အာဘေးဟာ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ ခေတ်သစ် ဂျပန်နိုင်ငံအပေါ် ဘယ်လို လွှမ်းမိုးမှုတွေ ရှိခဲ့သလဲ ဆိုတာတွေကို တခုပ်တရ ချီးကျူး ပြောဆိုသွားပါတယ်။

ဝန်ကြီးချုပ်ဟောင်းကို ချစ်ခင် လေးစားသူတွေကလည်း နာရေး အခမ်းအနား ကျင်းပရာ နေရာတဝိုက်မှာ စုဝေးပြီး နောက်ဆုံးအနေနဲ့ ဂါရဝပြု နှုတ်ဆက်ခဲ့ကြပါတယ်။ ဂျပန်စစ်တပ်ကလည်း အမြောက်တွေ၊ သေနတ်တွေ ပစ်ဖောက်ပြီး အာဘေးရဲ့ နောက်ဆုံးခရီးကို ဂုဏ်ပြုခဲ့ကြပါတယ်။

တစ်ဖက်မှာလည်း အာဘေးရဲ့ ဈာပနဟာ မကျင်းပခင် ကတည်းက အငြင်းပွားစရာ အခြေအနေ တချို့နဲ့ ကြုံခဲ့ရပါတယ်။ ဂျပန် အစိုးရဟာ အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ် တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာမျိုးတွေ၊ နိုင်ငံတော် ဈာပနအတွက် ဒေါ်လာ သန်းနဲ့ချီ သုံးစွဲခဲ့တာမျိုးတွေ၊ အာဘေးက ပြည်တွင်းမှာ နာမည်ပျက် ရှိနေတဲ့ ဘာသာရေးဂိုဏ်း တစ်ခုနဲ့ ဆက်စပ်နေတာမျိုးတွေကြောင့်လည်း ဒီလို အခမ်းအနားမျိုး မကျင်းပပေးသင့်ကြောင်း ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

နိုင်ငံတော် ဈာပန စတင်ချိန်မှာလည်း လူပေါင်း ရာနဲ့ချီ ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ အခမ်းအနား နေရာနားထိ လာရောက်ပြီး သူတို့ရဲ့ ဆန့်ကျင်မှုတွေကို အော်ဟစ် ကြွေးကြော်ခဲ့ပါတယ်။ ဂျပန် အစိုးရကတော့ အာဘေးအတွက် နိုင်ငံတော် ဈာပန ကျင်းပပေးဖို့ ဆုံးဖြတ်ချက်ဟာ လူတိုင်းက ဝန်ကြီးချုပ်ဟောင်းကို လေးစားဂုဏ်ပြုရမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး မသက်ရောက်ကြောင်း ဖြေရှင်းထားပါတယ်။ ဂျပန်ရဲ့ အဓိက အတိုက်အခံ ပါတီကလည်း ဒေါ်လာ ၁၆ သန်းလောက် အကုန်အကျခံ ကျင်းပခဲ့တဲ့ နိုင်ငံတော် ဈာပနကို သပိတ်မှောက်ထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

ကျန်းမာရေးဆောင်းပါး

Down Syndrome(ဒေါင်းရောဂါ)ဟာ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ခရိုမိုဆိုမ် ၂၁ (Chromosome 21) တစ်စုံအစား သုံးစုံရှိနေတဲ့ အခြေအနေကြောင့် ဖြစ်ပွားတာဖြစ်ပြီး မွေးဖွားလာတဲ့ကလေး ၇၀၀ လောက်မှာတစ်ယောက်ခန့် တွေ့ရတဲ့အဖြစ်အများဆုံး ခရိုမိုဆိုမ်ဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။