Connect with us

Hi, what are you looking for?

News

ဘားအံမြို့နယ်တွင် တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှသုံးဦး​သေ

ဘားအံမြို့နယ် တကောင်ဘိုးကျေးနယ်အုပ်စု မီးပုံးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ၁၅မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ KNLAဘက်မှ ထိခိုက်ကျဆုံး မှုမရှိကြောင်းလည်း ဖော်ပြထားသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း၌ ယနေ့တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ ဒူးသထူခရိုင်က သတင်းထုတ်ပြန်သည်။

ဘားအံမြို့နယ် တကောင်ဘိုးကျေးနယ်အုပ်စု မီးပုံးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ၁၅မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ KNLAဘက်မှ ထိခိုက်ကျဆုံး မှုမရှိကြောင်းလည်း ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ(၁) နယ်မြေ ဘားအံ၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံ မြို့နယ်များအတွင်း၌ တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး ယခု မီးပုံးကျေးရွာအနီး၌ မကြာခဏ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ နေ့စဉ်ဗုံးကြဲနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။