Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းကင်း တောင်လက်ဒေသ သုံးရက်ဆ​က်တိုက်ပွဲ စစ်အုပ်စု အထိနာ

“တောင်လက်မှာ တပ်စွဲနေတဲ့ စခနှင့်ပျူများပြန်လည်ဆုပ်ခွာသွားပြီ။ ပစ္စည်းတွေဆုံးရှုံးမှုတွေရှိသလို အသေအပျောက်တွေရှိပါတယ်။”ဟု မင်းကင်းဒေသခံတစ်ဦးက ပြောသည်။

မင်းကင်း တောင်လက်ဒေသ သုံးရက်ဆ​က်တိုက်ပွဲ စစ်အုပ်စု အထိနာ
မင်းကင်း တောင်လက်ဒေသ သုံးရက်ဆ​က်တိုက်ပွဲ စစ်အုပ်စု အထိနာ

▪️ဒေသခံပြည်သူတစ်ဦးသတ်ဖြတ်ခံရပြီး နေအိမ်၂၇ လုံးမီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်လက်ဒေသ၌ ဖြစ်ပွားခဲ့သော သုံးရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့ပြီးနောက် တပ်ဆုတ်သွားကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂)က ထုတ်ပြန်သည်။

စက်တင်ဘာ ၃၀ရက်မှ အောက်တိုဘာ၂ ရက်အထိ မင်းကင်းနယ် တောင်လက်ဒေသ၌ မင်းကင်းတပ်ရင်း -၂ တပ်ခွဲ – ၂ နှင့် စစ်ကောင်စီတပ်နှင့်ပျူများ သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ မင်းကင်းတပ်ခွဲ – ၂ ၏ တိုက်မိုင်း၊ နင်းမိုင်း၊ လက်နက် ကြီး၊ လက်နက်ငယ် ပစ်အားများကြောင့် စစ်ကောင်စီတပ်နှင့်ပျူ ၃၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မင်းကင်း တပ်ရင်း (၂)က အသိပေးသည်။

စစ်ကောင်စီတပ်သည် တောင်လက်ဒေသရှိ ထုံးမန်းကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးသွားပြီး နေအိမ်၂၇ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း၊ ထို့အပြင် ထုံးမန်းရွာနေ အသက် (၅၀)ကျော်အရွယ် အမျိုးသား တစ်ဦးကို လက်နောက်ပြန်ကြိုးတုပ်ကာ ဓါးဖြင့်ထိုးခြင်း၊သေနတ်ဖြင့် အချက် ပေါင်းများပစ်ကာ သတ်ဖြတ်သွားကြောင်း မင်းကင်းတပ်ရင်း (၂)က ပြောသည်။

Public Service Announcement
Public Service Announcement

“တောင်လက်မှာ တပ်စွဲနေတဲ့ စခနှင့်ပျူများပြန်လည်ဆုပ်ခွာသွားပြီ။ ပစ္စည်းတွေဆုံးရှုံးမှုတွေရှိသလို အသေအပျောက်တွေရှိပါတယ်။”ဟု မင်းကင်းဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုအခါ စစ်တပ်နှင့်ပျူများတပ်ဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်ထောင်ထားခဲ့သော မိုင်းများအား ရှင်းလင်းနေကြောင်း၊ မင်းကင်းတပ်ရင်း (၂) တပ်ခွဲ – ၂ အနေဖြင့် အရေးပေါ်ကျည်လိုအပ်ချက်များရှိနေကြောင်း အသိပေးသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး မင်းကင်း တပ်ရင်း (၂)သို့ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ထို့အပြင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်နှင့်ပျူများ၏ စစ်ကြောင်းထိုးဖျက်ဆီးပစ်ခတ်သတ်ဖြတ်မှုများကြောင့် တောင်လက်ဒေသရှိ ထုံးမန်း၊ ပသေး၊ အင်းဒေါင်၊ အထက်စသာ၊ ညောင်ကိုင်း၊ လင်းလု ၊ဖက်ထုပ် စသည့်ကျေးရွာများမှ အိမ်ထောင်စုပေါင်း ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။