ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ စစ်အုပ်စု မတရားရယူထားသည့် မြေကွက်များကို နွေဦးတော်လှန်ရေး ရန်ပုံငွေအဖြစ်ရောင်းချခဲ့ရာ စီမံကိန်း သုံးခုမှ အမေရိကန်ဒေါ်လာ ၃၉သန်းရရှိပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ မြေကွက်ရောင်းချရေးအဖွဲ့ (EOD)က ထုတ်ပြန် သည်။
နွေဦးရန်ကုန်စီမံကိန်းနှစ်ခုမှ ဒေါ်လာ ၂၇သန်းနှင့် မန္တလေးမြို့ စီမံကိန်းတစ်ခုမှ ဒေါ်လာ ၁၂ သန်းဖြစ်သည်ဟု EODအဖွဲ့က ဆိုသည်။
“ရွှေမန်းမြို့၏ မြေကွက်တန်ဖိုးက ဒေါ်လာ ၁၂ သန်းခန့် ရရှိနေပြီးဖြစ်ရာ မြေကွက်အိမ်ရာ ဖော် ဆောင်မှု အချိုးအားဖြင့်လည်းကောင်း၊ မှီတင်းနေထိုင်ရာ လူဦးရေအချိုးအားဖြင့် လည်းကောင်း မန်းသည်လည်း ရန်ကုန်ထက် သာပင် မသာသော်လည်း မညံ့ပါပေ”ဟု EODက ဖော်ပြထားသည်။
“မြေကွက်တွေရောင်းရတိုင်း ငွေအကျေမရသေးပါဘူး။ အရစ်ကျစနစ်နဲ့ ဝယ်ကြတာများပါတယ်” ဟု မြေကွက်ရောင်းချရေးကိုယ်စားလှယ်တစ်ဦးက ပြောသည်။

Public Service Announcement
ရောင်းချခဲ့သည့် စီမံကိန်းများတွင် ရန်ကုန်Spring Yangon Investment Phase I မှ နွေဦးရိပ်မွန် @Min Dhamma နှင့် နွေဦးမော်ကွန်းသစ် @Thanthuma တို့ ရောင်းချပေးပြီးဖြစ်သည်။ ထို့အပြင် EOD အဖွဲ့က Spring Mandalay Investmentကို ဖော်ထုတ်၍ ရောင်းချခဲ့သည်။
မန္တလေးမြို့ရှိ မြေကွက်များကို အောက်တိုဘာ ၁ရက်က စတင်ရောင်းချရာ မြေကွက် အားလုံး၏ ၇၁ရာခိုင်နှုန်းကို ရောင်းချခဲ့ပြီးဖြစ်သည်ဟု သိရသည်။
မန္တလေးမြို့တွင် မြေကွက်ပေါင်း ၉၈၀၊ ရန်ကုန်မြို့၌ ပထမစီမံကိန်းတွင် မြေကွက်ပေါင်း ၇၅၀ နှင့် ဒုတိယစီမံကိန်းတွင် ၁,၁၉၀ကွက်တို့ ရောင်းချရန်စီစဥ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်၏ ရန်ကုန်မြို့နေအိမ်နှစ်လုံး၏ အစုရှယ် ယာများကိုရောင်းချရာတွင် ဒေါ်လာ ၁၆သန်းခန့်ရရှိခဲ့သည်။


















































