Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နွေဦးတော်လှန်ရေးအတွက် စစ်အုပ်စု​၏မြေကွက် များရောင်းချရမှု ကန်ဒေါ်လာ ၃၉သန်းရရှိ

မန္တလေးမြို့ရှိ မြေကွက်များကို အောက်တိုဘာ ၁ရက်က စတင်ရောင်းချရာ မြေကွက် အားလုံး၏ ၇၁ရာခိုင်နှုန်းကို ရောင်းချခဲ့ပြီးဖြစ်သည်ဟု သိရသည်။

နွေဦးတော်လှန်ရေးအတွက် စစ်အုပ်စု​၏မြေကွက် များရောင်းချရမှု ကန်ဒေါ်လာ ၃၉သန်းရရှိ
နွေဦးတော်လှန်ရေးအတွက် စစ်အုပ်စု​၏မြေကွက် များရောင်းချရမှု ကန်ဒေါ်လာ ၃၉သန်းရရှိ

ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ စစ်အုပ်စု မတရားရယူထားသည့် မြေကွက်များကို နွေဦးတော်လှန်ရေး ရန်ပုံငွေအဖြစ်ရောင်းချခဲ့ရာ စီမံကိန်း သုံးခုမှ အမေရိကန်ဒေါ်လာ ၃၉သန်းရရှိပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ မြေကွက်ရောင်းချရေးအဖွဲ့ (EOD)က ထုတ်ပြန် သည်။

နွေဦးရန်ကုန်စီမံကိန်းနှစ်ခုမှ ဒေါ်လာ ၂၇သန်းနှင့် မန္တလေးမြို့ စီမံကိန်းတစ်ခုမှ ဒေါ်လာ ၁၂ သန်းဖြစ်သည်ဟု EODအဖွဲ့က ဆိုသည်။

“ရွှေမန်းမြို့၏ မြေကွက်တန်ဖိုးက ဒေါ်လာ ၁၂ သန်းခန့် ရရှိနေပြီးဖြစ်ရာ မြေကွက်အိမ်ရာ ဖော် ဆောင်မှု အချိုးအားဖြင့်လည်းကောင်း၊ မှီတင်းနေထိုင်ရာ လူဦးရေအချိုးအားဖြင့် လည်းကောင်း မန်းသည်လည်း ရန်ကုန်ထက် သာပင် မသာသော်လည်း မညံ့ပါပေ”ဟု EODက​ ဖော်ပြထားသည်။

“မြေကွက်တွေရောင်းရတိုင်း ငွေအကျေမရသေးပါဘူး။ အရစ်ကျစနစ်နဲ့ ဝယ်ကြတာများပါတယ်” ဟု မြေကွက်ရောင်းချရေးကိုယ်စားလှယ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ရောင်းချခဲ့သည့် စီမံကိန်းများတွင် ရန်ကုန်Spring Yangon Investment Phase I မှ နွေဦးရိပ်မွန် @Min Dhamma နှင့် နွေဦးမော်ကွန်းသစ် @Thanthuma တို့ ရောင်းချပေးပြီးဖြစ်သည်။ ထို့အပြင် EOD အဖွဲ့က Spring Mandalay Investmentကို ဖော်ထုတ်၍​ ရောင်းချခဲ့သည်။

မန္တလေးမြို့ရှိ မြေကွက်များကို အောက်တိုဘာ ၁ရက်က စတင်ရောင်းချရာ မြေကွက် အားလုံး၏ ၇၁ရာခိုင်နှုန်းကို ရောင်းချခဲ့ပြီးဖြစ်သည်ဟု သိရသည်။

မန္တလေးမြို့တွင် မြေကွက်ပေါင်း ၉၈၀၊ ရန်ကုန်မြို့၌ ပထမစီမံကိန်းတွင် မြေကွက်ပေါင်း ၇၅၀ နှင့် ဒုတိယစီမံကိန်းတွင် ၁,၁၉၀ကွက်တို့ ရောင်းချရန်စီစဥ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်​၏ ရန်ကုန်မြို့နေအိမ်နှစ်လုံး၏ အစုရှယ် ယာများကို​ရောင်းချရာတွင် ဒေါ်လာ ၁၆သန်းခန့်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။