Connect with us

Hi, what are you looking for?

သတင်း

စလင်းနယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အားချိန်ကိုက်မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်

ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း(LDF)အဖွဲ့သည် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း စလင်းမြို့နယ်၊ လင်းဇင်းနယ်မြေရဲစခန်းကို ချိန်ကိုက်မိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

(စလင်း-ကံပြားလမ်းဆုံရှိ စစ်ကောင်စီအုပ်စု၏ စစ်ဆေးရေးဂိတ်။ ။ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း-LDF)
(စလင်း-ကံပြားလမ်းဆုံရှိ စစ်ကောင်စီအုပ်စု၏ စစ်ဆေးရေးဂိတ်။ ။ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း-LDF)

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အားချိန်ကိုက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း(LDF)က သတင်းထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာလ၁ရက်)နံနက်၉နာရီ ၂၀မိနစ်ခန့်ကစလင်းမြို့နယ်၊ စလင်း-ကံပြားလမ်းဆုံရှိ စစ်ကောင်စီအုပ်စု၏ စစ်ဆေးရေးဂိတ်အားပြည်သူ့ကာကွယ်ရေတပ်မတော်-အနောက်ပိုင်းတိုင်း စလင်းတပ်ခွဲက ပြင်းအားမြင့်စီဖိုးချိန်ကိုက်မိုင်း၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စလင်း-ကံပြားလမ်းဆုံရှိ စစ်ကောင်စီအုပ်စု၏ စစ်ဆေးရေးဂိတ်။ ။ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း-LDF)
(စလင်း-ကံပြားလမ်းဆုံရှိ စစ်ကောင်စီအုပ်စု၏ စစ်ဆေးရေးဂိတ်။ ။ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း-LDF)

ထိုစစ်ဆင်ရေးအတွက် ယမန်နေ့ အောက်တိုဘာလ ၃၁ရက် ညပိုင်းတွင် ပစ္စည်းများနေရာကြိုတင်ချကာစီစဥ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်နှင့်ရဲ စုစုပေါင်း ၉ ဦးခန့် အပြင်းအထန် ဒဏ်ရာရကာ အနည်းဆုံး ၂ဦးခန့် ​သေဆုံးနိုင်ပြီး ဆိုင်ကယ်နှစ်စီး ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း(LDF)က အသိပေးသည်။

အဆိုပါဂိတ်ရှိ စစ်သားနှင့်ရဲများသည် နေ့စဥ် လမ်းသွားလမ်းလာပြည်သူလူထုအပေါ် အကြောင်းမဲ့ကြမ်းတမ်း ရိုင်းပြစွာ ဆက်ဆံခြင်း၊ တင်းကျပ်စွာစစ်ဆေးခြင်း၊ မတရားသဖြင့်ငွေညှစ်ခြင်း ၊နိုင်ငံသားများ၏ လွတ်လပ်စွာသွားလာနိုင်မှု အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ခြင်းတို့ကြောင့် အနောက်ပိုင်းတိုင်း (LDF)က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း(LDF)က ရှင်းလင်းသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“သတင်းဖြစ်စဥ် အမှန်ပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း LPDF တပ်ရင်းဖြစ်ပီး စလင်း -SPDFတောင်ပိုင်းတော်လှန်ရေးအင်အားစုကတပ်ခွဲပါ။ တစ်ဖွဲ့တည်းပါခင်ဗျာ။”ဟုပါဝင်တိုက်ခိုက်ခဲ့သည့်စလင်း-SPDFတောင်ပိုင်းတော်လှန်ရေးအင်အားစု အထွေထွေတာဝန်ခံ ဗိုလ်မိုးကြိုးက ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း(LDF) အနေဖြင့် မစ်ရှင်များကိုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်း(LDF)အဖွဲ့သည် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း စလင်းမြို့နယ်၊ လင်းဇင်းနယ်မြေရဲစခန်းကို ချိန်ကိုက်မိုင်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook