Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ကောင်စီကို လက်ရှိထက်ပိုပြီး ဝိုင်းပယ်ထားဖို့ အာဆီယံ စဉ်းစားနေ

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း သူဟာ သမ္မတ ဝီဒိုဒိုနဲ့ သဘောထား တူညီတယ်လို့ ဆိုပါတယ်။ မြန်မာ စစ်အာဏာပိုင်တွေဆီ ထင်ရှားတဲ့ သတင်းစကားမျိုး ပေးပို့ဖို့အတွက် အာဆီယံဟာ နောက်ထပ် ခြေလှမ်းသစ်တွေ လိုအပ်နေပြီလို့ ဝန်ကြီးချုပ် လီက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ဆိုးသထက် ဆိုးလာတဲ့နောက် အာဆီယံရဲ့ အနာဂတ် ညီလာခံတွေ၊ အစည်းအဝေးတွေမှာ အာဏာသိမ်း စစ်ကောင်စီကို လက်ရှိထက်ပိုပြီး ဖယ်ရှားသွားဖို့ အာဆီယံက စဉ်းစားနေပါတယ်။

မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ အာဆီယံ အနာဂတ် အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပြုသင့် မပြုသင့် ဆိုတာနဲ့ ပတ်သက်လို့ လေ့လာစောင့်ကြည့် အကဲဖြတ်ဖို့ အာဆီယံ ညှိနှိုင်းဆောင်ရွက်ရေး ကောင်စီကို တာဝန်ပေးအပ်ထားကြောင်း နိုဝင်ဘာ ၁၁ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့နောက် ယိုယွင်းပျက်စီးလာတဲ့ တိုင်းပြည် အခြေအနေကို ကုစားဖို့ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို အဆိုပြုခဲ့ပါတယ်။ ဒါပေမဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်ကောင်စီက ဒီအဆိုပြုချက်တွေကို အကောင်အထည်ဖော်ဖို့ မျက်ကွယ် ပြုခဲ့တာကြောင့် အာဆီယံက အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့် မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုသီတင်းပတ်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ နိုင်ငံခေါင်းဆောင်တွေ အဓိက ဆွေးနွေးခဲ့တာကတော့ မြန်မာနိုင်ငံကို ဘယ်လောက်ထိကြာအောင် ဆက်ပြီး ပယ်ထားကြမလဲဆိုတဲ့ အချိန် အတိုင်းအတာအကြောင်း ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ အာဆီယံ အလှည့်ကျ သဘာပတိ ဖြစ်လာမယ့် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုကတော့ မြန်မာ စစ်အာဏာရှင်တွေကို ထိပ်တန်း ညီလာခံတွေအပြင် အဖွဲ့အစည်းရဲ့ ဆက်စပ် အစည်းအဝေး အားလုံးကပါ ဖယ်ရှားထားဖို့ အကြံပြု တင်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကလည်း သူဟာ သမ္မတ ဝီဒိုဒိုနဲ့ သဘောထား တူညီတယ်လို့ ဆိုပါတယ်။ မြန်မာ စစ်အာဏာပိုင်တွေဆီ ထင်ရှားတဲ့ သတင်းစကားမျိုး ပေးပို့ဖို့အတွက် အာဆီယံဟာ နောက်ထပ် ခြေလှမ်းသစ်တွေ လိုအပ်နေပြီလို့ ဝန်ကြီးချုပ် လီက ပြောပါတယ်။

၁၈ လ ကြာညောင်းခဲ့ပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ အာဆီယံရဲ့ ဘုံသဘောတူညီမှုတွေကို အကောင်အထည် ဖော်တာနဲ့ ပတ်သက်ပြီး တိုးတက်မှု နည်းလွန်းတယ်လို့လည်း လီက ဆိုပါတယ်။ မြန်မာစစ်တပ်ဟာ အကြမ်းပတမ်း လုပ်ရပ်တွေကို မရပ်တန့်သလို နိုင်ငံရေး အကျဉ်းသား နည်းနည်းလေးလောက်ကိုပဲ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ဒါ့အပြင် မြန်မာ့နိုင်ငံရေးနဲ့ သက်ဆိုင်သူ အားလုံးနဲ့ စေ့စပ် ဆွေးနွေးတာလည်း မရှိကြောင်း၊ လက်တွေ့ အခြေအနေမှာ အကြမ်းဖက်မှုတွေ ပိုတိုးပွားလာသလို နိုင်ငံရေး အကျဉ်းသား ၄ ဦးကိုလည်း ကွပ်မျက်ပစ်ခဲ့ကြောင်း၊ အာဆီယံ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ် ဆွေးနွေးခွင့်လည်း မရခဲ့ကြောင်း လီက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံအာဏာကို အဓမ္မ သိမ်းယူခဲ့တဲ့နောက် မြန်မာ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မတရား အမှုဆင်ပြီး ထောင်ဒဏ် ၂၆ နှစ် ချမှတ်ထားပါတယ်။ စစ်အာဏာရှင်တွေက အာဆီယံ အဆိုပြုတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မျက်ကွယ် ပြုထားခဲ့တဲ့နောက် အာဆီယံကလည်း အရေးပါတဲ့ ညီလာခံတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ကတည်းက ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook