Connect with us

Hi, what are you looking for?

ဗီဒီယို

အရှေ့တီမောကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံဖို့ အာဆီယံ ကနဦး သဘောတူ

နိုဝင်ဘာ ၁၁ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာ ဒီဆုံးဖြတ်ချက်ကို အတည်ပြု ကြေညာခဲ့ပါတယ်။

အရှေ့တီမော နိုင်ငံကို ၁၁ ခုမြောက် အဖွဲ့ဝင် နိုင်ငံအဖြစ် လက်ခံဖို့ အာဆီယံ အသိုက်အဝန်းက သဘောတူခဲ့ကြပါတယ်။

နိုဝင်ဘာ ၁၁ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာ ဒီဆုံးဖြတ်ချက်ကို အတည်ပြု ကြေညာခဲ့ပါတယ်။ အရှေ့တီမောဟာ ချက်ချင်းတော့ တင်းပြည့်ကျပ်ပြည့် အာဆီယံ အဖွဲ့ဝင် ဖြစ်လာဦးမှာ မဟုတ်ပါဘူး။

ကနဦး အဆင့်မှာ အရှေ့တီမော အစိုးရ ကိုယ်စားလှယ်တွေကို အာဆီယံ ညီလာခံတွေမှာ လေ့လာသူအဖြစ် တက်ရောက်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အရှေ့တီမောကို အာဆီယံရဲ့ ရာနှုန်းပြည့် အဖွဲ့ဝင် ဖြစ်လာအောင် လမ်းပြမြေပုံတစ်ခု ရေးဆွဲ အကောင်အထည် ဖော်သွားမယ်လို့ အာဆီယံက ကြေညာပါတယ်။

အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံထဲမှာ မြန်မာကလွဲလို့ ကျန်တဲ့နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ နိုဝင်ဘာ ၁၁ ရက်က ဖနွမ်ပင်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ဟာ အာဏာသိမ်း စစ်တပ်ရဲ့ မတရား ဖမ်းဆီးချုပ်နှောင်မှုကို ခံထားရပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း အာဆီယံက ညီလာခံတက်ဖို့ မဖိတ်ကြားခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံဟာ အရှေ့တီမောကို အဖွဲ့ဝင်အဖြစ် လက်ခံဖို့ ဆွေးနွေးနေတာ ကာလ အတိုင်းအတာ တစ်ခုထိ ကြာမြင့်ခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

အရှေ့တီမောဟာ ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားဆီက ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာခဲ့တဲ့နောက် ၂၀၁၁ ခုနှစ်မှာ အာဆီယံ အဖွဲ့ဝင် ဖြစ်ခွင့်အတွက် တရားဝင် လျှောက်ထား အဆိုပြုခဲ့ပါတယ်။ စင်ကာပူ အနေနဲ့ အရှေ့တီမောကို အာဆီယံ အဖွဲ့ထဲ ပါဝင်စေဖို့ မူအားဖြင့် ထောက်ခံ သဘောတူကြောင်း လီက ဆိုပါတယ်။

လက်ရှိ အာဆီယံ အလှည့်ကျ သဘာပတိ တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားဟာ အာဆီယံ အဖွဲ့ထဲ နောက်ဆုံးဝင်ရောက်ခဲ့တဲ့ နိုင်ငံအနေနဲ့ မှတ်တမ်းဝင်နေပြီး ၁၉၉၉ ခုနှစ်မှာ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာပါတယ်။ အာဆီယံကို ၁၉၆၇ ခုနှစ်က စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်တို့ ၅ နိုင်ငံက စတင် ထူထောင်ခဲ့ပြီး ဘရူနိုင်းက ၁၉၈၄ ခုနှစ်၊ ဗီယက်နမ်က ၁၉၉၅ ခုနှစ်၊ မြန်မာနဲ့ လာအိုတို့က ၁၉၉၇ ခုနှစ်တွေမှာ အသီးသီး လာရောက် ချိတ်ဆက်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ကမ္ဘာလုံးဆိုင်ရာလုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရာတွင် အင်အားကြီးနိုင်ငံများနှင့် ကုလသမဂ္ဂတို့ ကြီးကြီးမားမား ကျဆုံးနေကြောင်း တီမောလက်စ်တေနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာ (José Ramos-Horta) က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ နိုင်ငံတကာအနေဖြင့် အာဆီယံ (ASEAN) ၏ ပဋိပက္ခဖြေရှင်းရေး နည်းလမ်းများကို စံနမူနာယူသင့်ကြောင်း...