Connect with us

Hi, what are you looking for?

ဗီဒီယို

Mask တွေရဲ့ မျက်နှာပြင်မှာ ရောဂါပိုးက ၇ ရက်အထိအသက်ရှင်နိုင်တယ်

💦ဘယ်ပစ္စည်းတွေမှာ ဘယ်လောက်ကြာကြာပဲ ရှင်နိုင်ပါစေ၊ ဘာကိုင်ကိုင် ကိုင်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ကြာ သေချာဆေးပါ။

⚠️အခြား ဘယ်အရာဝတ္ထုတွေပေါ်မှာရော ဘယ်လောက်ကြာအသက်ရှင်နိုင်ပါသလဲ
🦠အရာဝတ္ထုပစ္စည်းအမျိုးမျိုးပေါ်မှာ ကိုဗစ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်က အနည်းဆုံး ၂ နာရီကနေ ရက်များစွာကြာအောင် စွဲကပ်နေနိုင်ပါတယ်။
😷ထူးခြားတာကတော့ ဒီကပ်ရောဂါကာလမှာ မဖြစ်မနေ လူနဲ့အနီးကပ်ဆုံးထားရတဲ့ Mask တွေရဲ့ မျက်နှာပြင်တွေမှာ ၇ ရက်ထိတောင်ရောဂါပိုးတွေက အသက်ရှင်နေနိုင်ပါတယ်။
😷Mask တွေကို တပ်လိုက်၊ အိမ်ရောက်ရင် ချွတ်ပြန်သိမ်းလိုက်၊ ပြန်သုံးလိုက်လုပ်သူတွေ သေချာသတိထားရမယ့်အချက်ဖြစ်ပါတယ်။
🍝နောက်ထူးခြားမှုတစ်ခုကတော့ အစားအစာတွေထဲမှာနဲ့ ရေထဲမှာတော့ ရောဂါပိုးကူးစက်ပြန့်နှံ့နိုင်တာမတွေ့ရတာပါပဲ။
🛍ဒါပေမယ့် အစားအစာတွေကို ထည့်တဲ့ဘူးတွေ၊ အိတ်တွေ၊ ပန်းကန်တွေကို ကိုင်တွယ်၊ သယ်သူတာတွေကနေတော့ ကူးစက်နိုင်လို့ အစားအစာထည့်စား၊ ထည့်သယ်တဲ့ ပစ္စည်းတွေကို ကိုင်ပြီးတိုင်း လက်သေချာဆေးပြီးမှာ စားဖို့ပါ။
💎လက်ဝတ်လက်စားတွေ စိန်၊ ကျောက်၊ ငွေထည်တွေမှာ ၅ ရက်အထိနေနိုင်လို့ ကပ်ရောဂါကာလ လက်ဝတ်လက်စားတွေဝတ်တာလည်း သတိထားရမှာဖြစ်ပါတယ်။
💵နေ့စဥ်ကိုင်တွယ်နေတဲ့ ငွေသားတွေမှာ ၄ ရက်အထိ နေနိုင်တာမို့လို့ သေချာပိုးသတ်ကိုင်တွယ်ရပါမယ်။
👗အဝတ်အစားတွေပေါ်မှာတော့ ၂ ရက်နေနိုင်ပြီးတော့ စာရွက်တွေပေါ်မှာတော့ ၅ ရက်အထိ နေနိုင်ပါတယ်တဲ့။
🚪နောက်ပြီးလူတွေ ထိတွေ့ကိုင်တွယ်မှုများတဲ့ တံခါးလက်ကိုင်တွေ၊ အိမ်သာရသုံးပိုက်ခေါင်းတွေ၊ ရေဘုံဘိုင်ခေါင်းတွေ စတဲ့ စတီးနဲ့လုပ်ထားတဲ့ပစ္စည်းတွေမှာ ၂ ရက်ကနေ ၃ ရက်အထိ အသက်ရှင်နိုင်တာဖြစ်ပါတယ်။
⑁ နောက်တစ်ခုက ပလတ်စတစ် ပစ္စည်းအမျိုးမျိုးပါ။ ထိုင်ခုံတွေ၊ အစားအသောက်ထည့်တာနဲ့ အသုံးအဆောင် တွေမှာအများဆုံးတွေ့ရတဲ့ ပလက်စတစ်ပစ္စည်းတွေမှာ ၂ ရက်ကနေ ၃ ရက်အထိ နေနိုင်ပါတယ်။
💦ဘယ်ပစ္စည်းတွေမှာ ဘယ်လောက်ကြာကြာပဲ ရှင်နိုင်ပါစေ၊ ဘာကိုင်ကိုင် ကိုင်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ကြာ သေချာဆေးပါ။
ကိုးကား – US CDC, New England Journal of Medicine

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။