Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် အောက်လွှတ်တော် ဒီမိုကရက် အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်တော့မယ့် ပလော့စီ

ပလော့စီဟာ အမေရိကန် သမိုင်းမှာ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးတဲ့ ပထမဆုံး အမျိုးသမီး အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ လက်ရှိမှာလည်း သူဟာ အင်အား အသာရတဲ့ ပါတီ ခေါင်းဆောင်အဖြစ် အောက်လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ တာဝန် ထမ်းဆောင်နေပါတယ်။

အမေရိကန် အောက်လွှတ်တော် ဒီမိုကရက် အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်တော့မယ့် ပလော့စီ
အမေရိကန် အောက်လွှတ်တော် ဒီမိုကရက် အကြီးအကဲ အဖြစ်ကနေ နုတ်ထွက်တော့မယ့် ပလော့စီ

အမေရိကန် အောက်လွှတ်တော်ထဲက ဒီမိုကရက်ပါတီ အမတ်တွေကို ဆယ်စုနှစ် နှစ်ခုနီးပါးလောက် ဦးဆောင်ခဲ့တဲ့နောက် နန်စီ ပလော့စီဟာ အောက်လွှတ်တော် ဒီမိုကရက် အကြီးအကဲ အဖြစ်က နုတ်ထွက်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ပလော့စီက သူဟာ လာမယ့် အောက်လွှတ်တော် ဒီမိုကရက်ပါတီ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ကယ်လီဖိုးနီးယား ကိုယ်စားပြု အမတ်တစ်ဦး အနေနဲ့တော့ အောက်လွှတ်တော်မှာ ဆက်ရှိနေဦးမှာပါ။

ပလော့စီဟာ အမေရိကန် သမိုင်းမှာ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးတဲ့ ပထမဆုံး အမျိုးသမီး အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ လက်ရှိမှာလည်း သူဟာ အင်အား အသာရတဲ့ ပါတီ ခေါင်းဆောင်အဖြစ် အောက်လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ တာဝန် ထမ်းဆောင်နေပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ကြားကာလ ရွေးကောက်ပွဲ ရလဒ်အရ ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီက ပြန်လည် အသာရလာတာကြောင့် လာမယ့်နှစ်၊ ဇန်နဝါရီလမှာတော့ ပလော့စီဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ်က နုတ်ထွက်ပေးရမှာပါ။ သူ့နေရာကို ရီပတ်ဘလစ်ကန် ပါတီရဲ့ ကီဗင် မက္ကာသီက အစားထိုး ဝင်ရောက်ဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ပလော့စီဟာ အောက်လွှတ်တော်မှာ ဒီမိုကရက်ပါတီ အသာရနေချိန်ရော၊ အောက်စည်းရောက်နေတဲ့ ကာလတွေမှာပါ ဦးဆောင်ခဲ့ပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာဟာ အမေရိကန် ဖွဲ့စည်းပုံအရ သမ္မတ၊ ဒုတိယ သမ္မတတို့ပြီးရင် တတိယ အကြီးဆုံး အုပ်ချုပ်ရေး အရာရှိ ဖြစ်ပါတယ်။ ပလော့စီဟာ အောက်လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ ထူးခြားထင်ရှားတဲ့ လုပ်ဆောင်မှု တချို့ကို တာဝန်ယူပြခဲ့တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ချီးကျူးပါတယ်။

ပလော့စီက အောက်လွှတ်တော် ဒီမိုကရက် အစုအဖွဲ့ကို ဦးဆောင်တဲ့ တာဝန်ကနေ ရပ်နားဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့သလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း သိပ်မရှိပါဘူး။ မကြာသေးခင်က သူ့ရဲ့ နေအိမ်ကို လူစိမ်းတစ်ဦးက ကျူးကျော် ဝင်ရောက်ပြီး ရန်ပြုခဲ့တာကြောင့် ပလော့စီရဲ့ ခင်ပွန်းသည် အပြင်းအထန် ဒဏ်ရာရခဲ့ခြင်းက အခုဆုံးဖြတ်ချက်နဲ့ ပတ်သက်သလား ဆိုတာလည်း မသိရသေးပါဘူး။

ပလော့စီဟာ ၁၉၈၇ ခုနှစ် ကတည်းက အစဉ်တစိုက် ရွေးကောက်ခံလာရတဲ့ သူ့ရဲ့ အောက်လွှတ်တော် အမတ်နေရာမှာတော့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလထိ ဆက်လက် တာဝန်ယူပါလိမ့်မယ်။ ဒီမိုကရက် ပါတီရဲ့ အောက်လွှတ်တော် အစုအဖွဲ့ အကြီးအကဲအဖြစ် ပလော့စီရဲ့ အရိုက်အရာကို နယူးယောက် ကိုယ်စားပြု လွှတ်တော်အမတ် ကာကင်မ် ဂျက်ဖရီစ်က ဆက်ခံဖွယ် ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။