Connect with us

Hi, what are you looking for?

သတင်း

ပေါက်နယ် အောင်စည်သာရွာ စစ်အုပ်စုမီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ကျော် ပြာကျ

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်ကလည်း ပေါက်မြို့နယ်စသိန်းရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၄၁လုံးမီးလောင်ပျက်စီးခဲ့ပြီး ဒေသတွင်းအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ် ပွားခဲ့သေးသည်။

မီးလောင်ပျက်စီးသွားသော နေအိမ်များနှင့် တိရိစ္ဆာန်အချို့၊ ဓာတ်ပုံ-မြိုင်(ပကဖ)၊ BLY
မီးလောင်ပျက်စီးသွားသော နေအိမ်များနှင့် တိရိစ္ဆာန်အချို့၊ ဓာတ်ပုံ-မြိုင်(ပကဖ)၊ BLY

▪️ယနေ့နံနက် ညောင်ရင်းရွာကို မီးဆက်ရှို့နေ

မကွေးတိုင်း၊ ပေါက်မြို့နယ် အောင်စည်သာကျေးရွာအား စစ်ကောင်စီတပ်နှင့်ပျူစောထီးများက အကြောင်းမဲ့မီးရှို့ဖျက်ဆီးရာ နေအိမ် ၅၀ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလကျ်ာက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၇ ရက်) ည၈နာရီ၃၇ မိနစ်ခန့်က စစ်ကောင်စီတပ်သည် ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာနှင့် သရော်ကိုင်းကျေးရွာများရှိ ပျူများအား ဇီးပြားရဲစခန်းနှင့် စာသင်ကျောင်းတွင် သင်တန်းပေးခဲ့သည်။

မီးလောင်ပျက်စီးသွားသော နေအိမ်များနှင့် တိရိစ္ဆာန်အချို့၊ ဓာတ်ပုံ-မြိုင်(ပကဖ)၊ BLY
မီးလောင်ပျက်စီးသွားသော နေအိမ်များနှင့် တိရိစ္ဆာန်အချို့၊ ဓာတ်ပုံ-မြိုင်(ပကဖ)၊ BLY

ထို့နောက် ဇီးပြားရွာ အရှေ့မြောက်ဘက်ရှိ အောင်စည်သာကျေးရွာအား အဆိုပါ စစ်ကောင်စီတပ်နှင့်ပျူများပေါင်း၍ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၆လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကျေးရွာပြည်သူများ မွေးမြူထားသော နွားနှင့်ဝက်များလည်း မီးလောင် သေဆုံးခဲ့ကြောင်း ကိုလကျ်ာက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်အုပ်စုသည် ဒေသကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲမရှိဘဲ ပြည်သူများ၏ နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ကိုလကျာ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဒေသခံပြည်သူများ စစ်ကြောင်းသတင်း နားစွင့်ရန်နှင့် မြိုင်ပကဖအနေဖြင့် ဒေသမရွေးလိုက်လံတိုက်ခိုက်သွားမည်ဖြစ်၍ နီးစပ်ရာကာကွယ်ရေးအဖွဲ့များက လိုအပ်သောအကူညီများ ဝိုင်းဝန်းဆောင် ရွက်ပေးနိုင်ပါရန် ညှိနှိုင်းအကြောင်းကြား အသိပေးကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

မီးလောင်ပျက်စီးသွားသော နေအိမ်များနှင့် တိရိစ္ဆာန်အချို့၊ ဓာတ်ပုံ-မြိုင်(ပကဖ)၊ BLY
မီးလောင်ပျက်စီးသွားသော နေအိမ်များနှင့် တိရိစ္ဆာန်အချို့၊ ဓာတ်ပုံ-မြိုင်(ပကဖ)၊ BLY

ထို့အပြင် ပေါက်မြို့နယ်၊ ဇီးပြားရွာမှ စစ်ကောင်စီတပ်နှင့်ပျူများသည် ယနေ့ (နိုဝင်ဘာ၂၈ ရက်) နံနက်ပိုင်းတွင် ညောင်ရင်းရွာသို့ ရောက်ရှိနေပြီး ညောင်ရင်းကျေးရွာအား လေးနေရာခွဲကာ မီးရှို့နေကြောင်းလည်း ဒေသခံများက ပြောသည်။

“အင်အား ၁၆၀ကျော်ရှိပါတယ်။ပြည်သူတွေလည်း ထွက်ပြေးနေရတယ်။”ဟု BLY ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်ကလည်း ပေါက်မြို့နယ်စသိန်းရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၄၁လုံးမီးလောင်ပျက်စီးခဲ့ပြီး ဒေသတွင်းအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ် ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။