Connect with us

Hi, what are you looking for?

သတင်း

ပေါက်နယ် ဇီးပြားရဲစခန်းမှထွက်လာသည့် စစ်အုပ်စုကို ဒေသတွင်း PDFများ ပစ်ခတ်တိုက်ခိုက်

ယနေ့(နိုဝင်ဘာ ၂၈ ရက်)နံနက်၇ နာရီ ၄၅မိနစ်ခန့်တွင် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီတပ်သည် ဇီးပြားရဲစခန်းမှ ထွက်လာပြီး လမ်းတစ်လျှောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်အထိနာပြီးနောက် ကျန်ရစ်ခဲ့သည့် ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ)
စစ်ကောင်စီတပ်အထိနာပြီးနောက် ကျန်ရစ်ခဲ့သည့် ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ)

စစ်ကောင်စီတပ်သားနှစ်ဦးသေပြီး PDF ရဲဘော်တစ်ဦး ဒဏ်ရာရဟုဆို

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းမှထွက်လာသည့် စစ်ကောင်စီတပ်သားများ ညောင်ရင်းကျေးရွာ၌ မိုင်းထိပြီး ဒေသတွင်းPDFများနှင့် ပစ်ခတ်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလကျ်ာက ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၈ ရက်)နံနက်၇ နာရီ ၄၅မိနစ်ခန့်တွင် ပျူစောထီးများပါဝင်သည့် စစ်ကောင်စီတပ်သည် ဇီးပြားရဲစခန်းမှ ထွက်လာပြီး လမ်းတစ်လျှောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူများအား ညောင်ရင်းရွာတွင် မိုင်းပွိုင့် အနည်းဆုံး (၇)ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များနှင့် ပစ်ခတ်ခဲ့ကြရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မြိုင်(ပကဖ)ခေါင်းဆောင် ကိုလကျ်ာက ပြောသည်။

စစ်ကောင်စီတပ်အထိနာပြီးနောက် ကျန်ရစ်ခဲ့သည့် ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ)
စစ်ကောင်စီတပ်အထိနာပြီးနောက် ကျန်ရစ်ခဲ့သည့် ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ)

စစ်အုပ်စုမှာ အထိနာပြီး ညောင်းရင်းရွာမှ နေအိမ် ၈၆လုံး၊ ခဲပင်အင်းရွာမှ နေအိမ် ၆လုံး၊ ဂွေးဂုဏ်ရွာမှ နေအိမ် လေးလုံးတို့အား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ကိုလကျ်ာက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်အုပ်စုအား ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ရာ အများအပြားထိခိုက်၍ အုပ်စုလိုက် ထွက်ပြေးသွားကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ရဲဘော်တစ်ဦး ကျည်ထိမှန်ခဲ့ပြီး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

“ထိတွေ့တာ တစ်ပတ်လောက်အတွင်း ၂၀ရက်ကနေ ဒီကနေ့အထိ အကြိမ်ရေပေါင်းများစွာ ဖြစ်ခဲ့တယ်။ အခုတော့ ပေါက်ဘယ်ကို စစ်ကြောင်းဦးတည်ပြီး ရုပ်သွားပြီ။ မြို့ပေါ်တော့မရောက်သေးဘူး။ မြို့နဲ့နီးတဲ့နေရာကို ရောက်နေတယ်။ ကိုယ့်အဖွဲ့တွေကလည်း စောင့်တော့စောင့်နေတာ။ ထိတွေ့မှုထပ်ဖြစ်မယ်မဖြစ်ဘူးတော့ ပြောလို့မရသေးဘူး။”ဟု ကိုလက်ျာက ပြောသည်။

ယနေ့ တိုက်ခိုက်မှုတွင် မြိုင်(ပကဖ) ရင်း – ၁၊YDF တပ်ဖွဲ့၊ မြို့ပြပြောက်ကျား ပခုက္ကူ၊ တောင်ညိုနဂါးတပ်ဖွဲ့၊ မြွေပွေးပြောက်ကျားတပ်ဖွဲ့၊ တိမ်လွှာမုတ်ဆိတ်အဖွဲ့၊ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များ- ပေါက် တို့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

စစ်အုပ်စုသည် ယမန်နေ့(နိုဝင်ဘာ ၂၇ ရက်)က ဇီးပြားရွာ အရှေ့မြောက်ဘက်ရှိ အောင်စည်သာကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၆လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကျေးရွာပြည်သူများ မွေးမြူထားသော နွားနှင့်ဝက်များလည်း မီးလောင်ဆုံးရှုံးခဲ့သည်။

နိုဝင်ဘာ ၂၃ ရက်ကလည်း ပေါက်မြို့နယ် စသိန်းကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၂၄၁လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသတွင်းအဖွဲ့များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။