Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၁၅ ကြိမ်မြောက် မဲပေးမှုအပြီး အမေရိကန် အောက်လွှတ်တော် အမတ်အဖြစ် မက္ကာသီ တင်မြှောက်ခံရ

ရီပတ်ဘလစ်ကန် အမတ်တွေက မက္ကာသီကို အစဉ်တစိုက် ကန့်ကွက်မဲ ပေးနေတဲ့ ပါတီတူ အမတ်ဖြစ်တဲ့ မတ်ဂေ့ဇ်ကို ထောက်ခံမဲပေးဖို့ အပြင်းအထန် တွန်းအားပေးခဲ့ရပါတယ်။ ဇန်နဝါရီ ၆ ရက်ထိ မက္ကာသီကို မထောက်ခံတဲ့ ရီပတ်ဘလစ်ကန် အမတ် ၆ ယောက်ထိ ဆက်ရှိနေခဲ့ပါတယ်။

၁၇ ကြိမ်မြောက် မဲပေးမှုအပြီး အမေရိကန် အောက်လွှတ်တော် အမတ်အဖြစ် မက္ကာသီ တင်မြှောက်ခံရ
၁၇ ကြိမ်မြောက် မဲပေးမှုအပြီး အမေရိကန် အောက်လွှတ်တော် အမတ်အဖြစ် မက္ကာသီ တင်မြှောက်ခံရ

အကြိမ်ပေါင်း တစ်ဒါဇင်ကျော် မဲပေးမှုတွေ အပြီးမှာတော့ ကီဗင် မက္ကာသီဟာ အမေရိကန် အောက်လွှတ်တော်ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ကြားကာလ ရွေးကောက်ပွဲမှာ အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဟာ အောက်လွှတ်တော်ကို ထိန်းချုပ်ခွင့် ရလာတဲ့နောက် လွှတ်တော် ဥက္ကဋ္ဌ တင်မြှောက်ခွင့် ရခဲ့ပါတယ်။ ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု ဝါရင့် နိုင်ငံရေးသမားကြီးဖြစ်တဲ့ နန်စီ ပလော့စီရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ ရာထူးသက်တမ်း ကုန်ဆုံးချိန်မှာ သူ့နေရာကို ဆက်ခံဖို့အတွက် ရီပတ်ဘလစ်ကန်တွေက မက္ကာသီကို အဆိုပြု တင်မြှောက်ခဲ့ပါတယ်။

ဒါပေမဲ့ မက္ကာသီဟာ အောက်လွှတ်တော်ထဲမှာ ပါတီတူ နိုင်ငံရေး သမားတချို့ရဲ့ ခါးခါးသီးသီး ငြင်းပယ်မှုကို ခံခဲ့ရပြီး သူ့ကို အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ဖို့ မဲပေးမှုမှာ အရေးနိမ့်ခဲ့ပါတယ်။ ဒါဟာ အမေရိကန် သမိုင်းတလျှောက် အောက်လွှတ်တော် ဥက္ကဋ္ဌသစ် နေရာအတွက် ပထမဆုံးအကြိမ် မဲပေးမှုမှာ ရလဒ်ပိုင်း အရေးနိမ့်ခဲ့တယ်ဆိုတာ နှစ်ပေါင်း ၁၀၀ အတွင်း ပထမဆုံး အနေနဲ့ မှတ်တမ်း ဝင်ခဲ့ပါတယ်။

စည်းမျဉ်းတွေအရ အောက်လွှတ်တော် ဥက္ကဋ္ဌ နေရာကို တစ်ယောက်ယောက် တာဝန်မယူမချင်း ဆက်ပြီး မဲပေးရွေးချယ်ရမှာ ဖြစ်တာကြောင့် အကြိမ်ကြိမ် မဲပြန်ပေးကြပါတယ်။ မက္ကာသီဟာ ရီပတ်ဘလစ်ကန် ပါတီထဲက သဘောထား ကွဲလွဲသူတွေကို လိုက်ညှိနှိုင်းပေမယ့် ၁၄ ကြိမ်တိုင်တိုင် မဲပေးမှုတွေ အရေးနိမ့်ခဲ့ပါတယ်။ ၁၅ ကြိမ်မြောက် မဲပေးတဲ့ ဇန်နဝါရီ ၇ ရက်ကျမှ သူဟာ လွှတ်တော် ဥက္ကဋ္ဌ ရာထူးကို အတည်ပြု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး လေ့လာသူတွေကတော့ အဲဒီလောက်ထိ လိုက်ညှိနှိုင်းနေရတယ် ဆိုကတည်းက မက္ကာသီရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌဘဝ ဖြတ်သန်းမှုဟာ အစပိုင်းကတည်းက အားနည်းနေတာကို ညွှန်ပြနေကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရီပတ်ဘလစ်ကန် အမတ်တွေက မက္ကာသီကို အစဉ်တစိုက် ကန့်ကွက်မဲ ပေးနေတဲ့ ပါတီတူ အမတ်ဖြစ်တဲ့ မတ်ဂေ့ဇ်ကို ထောက်ခံမဲပေးဖို့ အပြင်းအထန် တွန်းအားပေးခဲ့ရပါတယ်။ ဇန်နဝါရီ ၆ ရက်ထိ မက္ကာသီကို မထောက်ခံတဲ့ ရီပတ်ဘလစ်ကန် အမတ် ၆ ယောက်ထိ ဆက်ရှိနေခဲ့ပါတယ်။

အောက်လွှတ်တော် အမတ်ဖြစ်လာတာ သေချာသွားတဲ့နောက် မက္ကာသီကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အောက်လွှတ်တော်ကို ထိန်းချုပ်ခွင့် ရသွားတဲ့ ရီပတ်ဘလစ်ကန်တွေက ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတဖြစ်တဲ့ ဘိုင်ဒန်ရဲ့ မိသားစု စီးပွားရေး လုပ်ငန်းတွေကို အတွင်းကျကျ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ စတင် စိုင်းပြင်းနေပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။