Connect with us

Hi, what are you looking for?

LuduNwayOo

News

လုံလဲရ်စစ်ကောင်စီအခြေစိုက်စခန်း CDF တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီဘက်က ၁၂ ဦးသေ

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီးဘက်က ၁၂ဦးသေဆုံးပြီး CNA/CDF-Thantlang ဘက်က အကျ အရှုံးမရှိခဲ့ဘဲ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်ထဲက လုံလဲရ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီအခြေစိုက်စခန်းကို ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့က မနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံးခဲ့တယ်လို့ CDF က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၀ ရက်က လုံလဲရ်ကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းကို CNA/CDF-Thantlang က အင်အား ၂၀၀ ကျော်နဲ့ စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်အသုံးပြုပစ်ခတ်ခဲ့တာကြောင့် ပြန်လည် ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ စက်တင်ဘာ ၁၁ ရက် ညပိုင်းမှာ အင်အား ၄၀၀ ကျော်နဲ့ ပြန်လည်တိုက်ခိုက်ခဲ့ရာ ည ၉ ခွဲလောက်မှာ စခန်းတစ်ခုလုံးသိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီးဘက်က ၁၂ဦးသေဆုံးပြီး CNA/CDF-Thantlang ဘက်က အကျ အရှုံးမရှိခဲ့ဘဲ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစခန်းကို ရှင်းလင်းကာ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ် လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။