Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင် ဝန်ခံစကား​ကြောင့်ရွှေတစ်ကျပ်သား ကျပ် ၂၉ သိန်းခန့်အထိ့ဈေးတက်လာ

စစ်အုပ်စုဦးဆောင်ကျင်းပခဲ့သည့်ကာလုံအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က NUG ၊PDFများကြောင့် တိုင်းပြည်ကို မထိန်းချုပ်နိုင်သေးကြောင်း ဝန်ခံပြောကြားခဲ့ပြီးနောက်ယခုလိုရွှေဈေးတက်လာခြင်းဖြစ်သည်။

(​တ​ကျော့ပြန်တက်လာ​သော​ရွှေ ​ဈေးသည် တစ်ကျပ်သား ကျပ်သိန်း၃၀ အထိတက်လာမည်ဟုလုပ်ငန်းရှင်များခန့်မှန်း​နေသည်။ ။ဓါတ်ပုံ-MGLPB)
(​တ​ကျော့ပြန်တက်လာ​သော​ရွှေ ​ဈေးသည် တစ်ကျပ်သား ကျပ်သိန်း၃၀ အထိတက်လာမည်ဟုလုပ်ငန်းရှင်များခန့်မှန်း​နေသည်။ ။ဓါတ်ပုံ-MGLPB)

PDF(ပြည်သူ့ကာကွယ်​ရေးတပ်)များကြောင့် တိုင်းပြည်ကို စစ်တပ်မထိန်းချုပ်နိုင်ဟု အာဏာသိမ်းခေါင်းဆောင်ဝန်ခံပြီးနောက် ပြည်တွင်းရွှေဈေးတက်လာပြီး အခေါက်ရွှေ တစ်ကျပ်သားကို ၂၉ နီးပါးအထိ့ဈေး​ရောက်လာကြောင်း ပြည်တွင်းရွှေဈေးကွက်မှ ​ရောင်းဝယ်သူများက​ပြောသည်။

စစ်အုပ်စုဦးဆောင်ကျင်းပခဲ့သည့်ကာလုံအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က NUG ၊PDFများကြောင့် တိုင်းပြည်ကို မထိန်းချုပ်နိုင်သေးကြောင်း ဝန်ခံပြောကြားခဲ့ပြီးနောက်ယခုလိုရွှေဈေးတက်လာခြင်းဖြစ်သည်။

ဇန်နဝါရီ ၃၀ရက်နေ့လယ် ၂နာရီက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၈၄၅, ၀၀၀ ပေါက်ဈေးရှိခဲ့ပြီးစစ်​ကောင်စီ၏ကာလုံအစည်းအဝေးသတင်းထုတ်ပြန်ပြီး​နောက်ဖေဖော်ဝါရီ ၂ ရက်တွင်အခေါက်ရွှေတစ်ကျပ်သား ၂,၈၈၂,၀၀၀ ကျပ်အထိပေါက်ဈေးရှိလာသည်။

“အခေါက်ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၃၀ကျော်ဖို့ အထိဖြစ်လာဖို့ မှန်းထားကြတယ်။ ရွှေဆိုင်တွေကလည်း အတက်ဈေးကြောင့် ရောင်းတာပဲရှိပြီး အဝယ်မရှိဘူး”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရွှေဈေးမြင့်တက်လာခြင်းမှာ ကမ္ဘာရွှေဈေး အနည်းငယ်မြင့်တက်လာခြင်းကြောင့်လည်းပါဝင်သော်လည်း အဓိကမှာ နိုင်ငံရေးအခြေအနေကြောင့် ဈေးနှုန်းမတည်မငြိမ်ဖြစ်နေခြင်းဖြစ်သည်ဟု ရန်ကုန်အခြေစိုက်ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကမ္ဘာ့ရွေဈေးသည် ​​ဖေ​ဖော်ဝါရီ ၂ ရက်တွင် တစ်အောင်စကိုဒေါ်လာ ၁၉၅၅ ရှိသည်။ သို့​သော်စစ်ကောင်စီက ပြည်တွင်းရွှေဈေး မတက်စေရန် ရန်ကုန်၊ မန္တလေးနှင့်မော်လမြိုင်တို့ရှိ ရွှေအသင်းများက တဆင့် အခေါက်ရွှေတစ်ကျပ်သားလျင် ကျပ် ၂၇ သိန်းအောက်တွင် သာရှိသည်ဟု လိမ်လည်ဝါဒဖြန့်ထားသည်။

စစ်ကောင်စီအလိုကျဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကယ​နေ့ အခေါက်ရွှေတစ်ကျပ်သားကျပ် ၂၃ သိန်းသာရှိသည်ဟုထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မေ/ People’s Spring ပြင်ဦးလွင်မြို့မှာ စစ်တက္ကသိုလ်(DSA)ဗိုလ်​လောင်းသင်တန်းအမှတ်စဥ် (၆၆) သင်တန်းဆင်းပွဲကို အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် လာမှာဖြစ်လို့ နိုဝင်ဘာလနောက်ဆုံးပတ်ကစပြီး သံချပ်ကာတပ်တွေပါ​ခေါ်ယူပြီးလုံခြုံ​ရေး တင်းကြပ်နေတယ်လို့ မြို့ခံတွေက​ ပြောပါတယ်။ ဒီဇင်ဘာ ပထမပတ်အတွင်း ပြုလုပ်ရန်စီစဉ်နေတဲ့ DSAသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၃ ရက် ၊၄ရက် ၊...

သတင်း

အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသား တိုင်းကို ၂ နှစ် စစ်မှုထမ်းဖို့ ဆင့်ခေါ် နိုင်ပြီး တိုင်းပြည် အရေးပေါ်အခြေအနေဆိုပါက ၅ နှစ် အထိ စစ်တပ်က လိုသလို ခိုင်းစေနိုင်ရန် ပြဌာန်းထားသည်ကို​တွေ့ရသည်။

သတင်း

အဆိုပါခရီးစဉ်သည် စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ ရာထူးအမြင့်ဆုံး သွားရောက်မှုလည်း ဖြစ်သည်။

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။