Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင် ဝန်ခံစကား​ကြောင့်ရွှေတစ်ကျပ်သား ကျပ် ၂၉ သိန်းခန့်အထိ့ဈေးတက်လာ

စစ်အုပ်စုဦးဆောင်ကျင်းပခဲ့သည့်ကာလုံအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က NUG ၊PDFများကြောင့် တိုင်းပြည်ကို မထိန်းချုပ်နိုင်သေးကြောင်း ဝန်ခံပြောကြားခဲ့ပြီးနောက်ယခုလိုရွှေဈေးတက်လာခြင်းဖြစ်သည်။

(​တ​ကျော့ပြန်တက်လာ​သော​ရွှေ ​ဈေးသည် တစ်ကျပ်သား ကျပ်သိန်း၃၀ အထိတက်လာမည်ဟုလုပ်ငန်းရှင်များခန့်မှန်း​နေသည်။ ။ဓါတ်ပုံ-MGLPB)
(​တ​ကျော့ပြန်တက်လာ​သော​ရွှေ ​ဈေးသည် တစ်ကျပ်သား ကျပ်သိန်း၃၀ အထိတက်လာမည်ဟုလုပ်ငန်းရှင်များခန့်မှန်း​နေသည်။ ။ဓါတ်ပုံ-MGLPB)

PDF(ပြည်သူ့ကာကွယ်​ရေးတပ်)များကြောင့် တိုင်းပြည်ကို စစ်တပ်မထိန်းချုပ်နိုင်ဟု အာဏာသိမ်းခေါင်းဆောင်ဝန်ခံပြီးနောက် ပြည်တွင်းရွှေဈေးတက်လာပြီး အခေါက်ရွှေ တစ်ကျပ်သားကို ၂၉ နီးပါးအထိ့ဈေး​ရောက်လာကြောင်း ပြည်တွင်းရွှေဈေးကွက်မှ ​ရောင်းဝယ်သူများက​ပြောသည်။

စစ်အုပ်စုဦးဆောင်ကျင်းပခဲ့သည့်ကာလုံအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က NUG ၊PDFများကြောင့် တိုင်းပြည်ကို မထိန်းချုပ်နိုင်သေးကြောင်း ဝန်ခံပြောကြားခဲ့ပြီးနောက်ယခုလိုရွှေဈေးတက်လာခြင်းဖြစ်သည်။

ဇန်နဝါရီ ၃၀ရက်နေ့လယ် ၂နာရီက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၈၄၅, ၀၀၀ ပေါက်ဈေးရှိခဲ့ပြီးစစ်​ကောင်စီ၏ကာလုံအစည်းအဝေးသတင်းထုတ်ပြန်ပြီး​နောက်ဖေဖော်ဝါရီ ၂ ရက်တွင်အခေါက်ရွှေတစ်ကျပ်သား ၂,၈၈၂,၀၀၀ ကျပ်အထိပေါက်ဈေးရှိလာသည်။

“အခေါက်ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၃၀ကျော်ဖို့ အထိဖြစ်လာဖို့ မှန်းထားကြတယ်။ ရွှေဆိုင်တွေကလည်း အတက်ဈေးကြောင့် ရောင်းတာပဲရှိပြီး အဝယ်မရှိဘူး”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရွှေဈေးမြင့်တက်လာခြင်းမှာ ကမ္ဘာရွှေဈေး အနည်းငယ်မြင့်တက်လာခြင်းကြောင့်လည်းပါဝင်သော်လည်း အဓိကမှာ နိုင်ငံရေးအခြေအနေကြောင့် ဈေးနှုန်းမတည်မငြိမ်ဖြစ်နေခြင်းဖြစ်သည်ဟု ရန်ကုန်အခြေစိုက်ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကမ္ဘာ့ရွေဈေးသည် ​​ဖေ​ဖော်ဝါရီ ၂ ရက်တွင် တစ်အောင်စကိုဒေါ်လာ ၁၉၅၅ ရှိသည်။ သို့​သော်စစ်ကောင်စီက ပြည်တွင်းရွှေဈေး မတက်စေရန် ရန်ကုန်၊ မန္တလေးနှင့်မော်လမြိုင်တို့ရှိ ရွှေအသင်းများက တဆင့် အခေါက်ရွှေတစ်ကျပ်သားလျင် ကျပ် ၂၇ သိန်းအောက်တွင် သာရှိသည်ဟု လိမ်လည်ဝါဒဖြန့်ထားသည်။

စစ်ကောင်စီအလိုကျဆောင်ရွက်ပေးနေသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကယ​နေ့ အခေါက်ရွှေတစ်ကျပ်သားကျပ် ၂၃ သိန်းသာရှိသည်ဟုထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်း

စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းခင်က အောက်တိန်း၉၂ တစ်လီတာကို ကျပ် ၆၅၅ ကျပ်ရှိရာမှ ယခုအခါက ၂၂၃၅ ကျပ်အထိမြင့်တက်ခဲ့သည်။

သတင်း

စစ်ကောင်စီ၏ ငွေကြေးအသစ်ရိုက်ထုတ်လိုက်ခြင်းသည် ၎င်းတို့လိုအပ်နေသည် ဘဏ္ဍာငွေကြေးကို ဖြည့်တင်းရန် ဖြစ်ပြီး ကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းသွားနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

သတင်း

လက်ရှိ ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၂သိန်းပေါက်ဈေးရှိပြီး တစ်ဒေါ်လာကို ၃၁၀၀ ကျပ်ဝန်းကျင်ရှိနေသည်။