Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူအပြောင်းအလဲ ဖြစ်လာမယ့် ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရာထူး

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး တစ်ဦးဖြစ်တဲ့ လွှတ်တော်အမတ် ဒေးဗစ် အာရက်ခ်ဟာမီရာက ပြောကြားခဲ့ပါတယ်။ ဒါဟာ သမ္မတရဲ့ ပုဂ္ဂိုလ်ရေး အမြင်နဲ့ ဆုံးဖြတ်ချက် တစ်ခုလို့လည်း အာရက်ခ် ဟာမီရာက ဆိုပါတယ်။

လူအပြောင်းအလဲ ဖြစ်လာမယ့် ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရာထူး
လူအပြောင်းအလဲ ဖြစ်လာမယ့် ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရာထူး

ယူကရိန်း အစိုးရဟာ လက်ရှိ ကာကွယ်ရေး ဝန်ကြီးနေရာကို အပြောင်းအလဲ ပြုလုပ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ယူကရိန်း နိုင်ငံ အရှေ့ပိုင်းက အချက်အခြာ မြို့တစ်ခုဖြစ်တဲ့ ဘက်ခ်မတ်နားကို ရုရှားတပ်တွေ ဆက်တိုက် ထိုးဖောက် ချီတက်လာတဲ့နောက် လက်ရှိ ကာကွယ်ရေး ဝန်ကြီး အိုလက်ခ်ဆီ ရက်ဇ်နီကော့ဗ်ဟာ ဖိအားတွေကို အပြင်းအထန် ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ အနီးကပ် အကြံပေး တစ်ဦးဖြစ်တဲ့ လွှတ်တော်အမတ် ဒေးဗစ် အာရက်ခ်ဟာမီရာက ပြောကြားခဲ့ပါတယ်။ ဒါဟာ သမ္မတရဲ့ ပုဂ္ဂိုလ်ရေး အမြင်နဲ့ ဆုံးဖြတ်ချက် တစ်ခုလို့လည်း အာရက်ခ် ဟာမီရာက ဆိုပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေရတဲ့ မျက်မှောက် ကာလမျိုးမှာ ကာကွယ်ရေး ဝန်ကြီး နေရာဟာ အရပ်သား နိုင်ငံရေးသမား တစ်ဦးထက် စစ်ဘက်ရေးရာ အတွေ့အကြုံ ရှိသူတစ်ဦး ဖြစ်သင့်တယ်လို့ ဇီလန်စကီးက ယူဆထားကြောင်း အာရက်ခ် ဟာမီရာက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

သတင်းတွေအရ ဇီလန်စကီးဟာ ကာကွယ်ရေး ဝန်ကြီးသစ်အဖြစ် လက်ရှိ စစ်ထောက်လှမ်းရေးဌာန အကြီးအကဲ ကိုင်ရီလို ဘူဒါနော့ဗ်ကို ခန့်အပ်သွားမယ်လို့ သိရပါတယ်။ ရက်ဇ်နီကော့ဗ်ကတော့ အစိုးရရဲ့ မဟာဗျူဟာ စက်မှုလုပ်ငန်း ဝန်ကြီး ဖြစ်လာဖို့ အလားအလာ များနေပါတယ်။ သူဟာ စစ်မှုထမ်း အတွေ့အကြုံ နောက်ခံ မရှိဘဲ ရှေ့နေ တစ်ဦးမျှသာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ စစ်ရေးနဲ့ ပတ်သက်လို့ မူဝါဒတွေ ပိုမို အားကောင်းဖို့၊ ပိုပြီး ကျစ်ကျစ်လစ်လစ် စုစည်းဖို့ လိုအပ်နေပြီလို့လည်း အာရက်ခ် ဟာမီရာက ဆိုပါတယ်။ အာရက်ခ် ဟာမီရာရဲ့ ထုတ်ပြန်ချက်ကို ရက်ဇ်နီကောဗ့်က ဘာမှ မဖြေရှင်းသေးပေမယ့် သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီး သက်တမ်းက သိပ်မကြာလောက်တော့ဘူးလို့တော့ အစောပိုင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ပြောထားဖူးပါတယ်။

သူဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲ မစခင် လပိုင်းအလို ၂၀၂၁ နှစ်ကုန်ပိုင်းမှာ အဲဒီ ရာထူးကို လက်ခံ ရယူခဲ့တာပါ။ စစ်ပွဲ ကာလအတွင်း ရက်ဇ်နီကော့ဗ်ဟာ အနောက်မဟာမိတ် နိုင်ငံတွေဆီက စစ်လက်နက် အကူအညီတွေ ရရှိဖို့အတွက် အရေးကြီးတဲ့ စေ့စပ် ညှိနှိုင်းမှုတွေကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။