Connect with us

Hi, what are you looking for?

ဗီဒီယို

လူဦးရေ ၁ ဘီလီယံကျော်ကို ကာကွယ်ဆေးအကြိမ်ပြည့် ထိုးပြီးသွားတဲ့ တရုတ်

တရုတ်မှာ ပြည်တွင်း ကုမ္ပဏီတွေဖြစ်တဲ့ Sinovacနဲ့ Sinopharmတို့ရဲ့ ကာကွယ်ဆေးတွေကို ထိုးနှံပေးနေတာပါ။ ဒီဆေးနှစ်မျိုးလုံးကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အရေးပေါ် သုံးစွဲဖို့ အတည်ပြု ထောက်ခံပေးထားပြီး ဖြစ်ပါတယ်။

လူပေါင်း သန်း ၁ ထောင်ကျော် (၁ ဘီလီယံကျော်)ကို ကာကွယ်ဆေး ၂ ကြိမ် အပြည့်အဝ ထိုးနှံပေးပြီးပြီလို့ တရုတ် ကျန်းမာရေးဌာန အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံလူဦးရေ ၁.၄၁ ဘီလီယံ ရှိတဲ့ထဲမှာ ၁ ဘီလီယံကျော်ထိ ကာကွယ်ဆေး ထိုးပြီးပြီလို့ စက်တင်ဘာ ၁၆ ရက်မှာ တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်က ကြေညာခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး နိုင်ငံကြီး အတွက်တော့ ကာကွယ်ဆေး ထိုးနှံမှုနဲ့ ပတ်သက်လို့ အထင်ကရ မှတ်တိုင်တစ်ခုကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

တရုတ်ဟာ ကိုဗစ်ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ကပ်ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ ရှေ့ဆောင်လမ်းပြ ရပ်တည်နေတဲ့ နိုင်ငံတစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။ တရုတ်က လူပေါင်း ၁ ဘီလီယံကျော် ကာကွယ်ဆေး ထိုးပေးပြီးချိန်မှာ ပြိုင်ဘက်လည်းဖြစ်၊ ကမ္ဘာပေါ်မှာ ဒုတိယ လူဦးရေ အများဆုံး နိုင်ငံလည်းဖြစ်တဲ့ အိန္ဒိယမှာတော့ လူပေါင်း ၇၆၆ သန်းလောက်ကို အနည်းဆုံးတစ်ကြိမ် ကာကွယ်ဆေး ထိုးပေးပြီးပြီလို့ သိရပါတယ်။ အိန္ဒိယမှာ လူဦးရေ ၁.၃၆ ဘီလီယံလောက် ရှိပါတယ်။ အိန္ဒိယရော၊ တရုတ်ပါ ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ဆေးတွေကို အဓိက အသုံးပြုနေတာ ဖြစ်ပါတယ်။

နိုင်ငံသား အချိုးအစားနဲ့ တွက်ရင်လည်း တရုတ်ဟာ ကမ္ဘာ့စူပါပါဝါ နိုင်ငံကြီးတွေ အားလုံးထဲမှာ ကာကွယ်ဆေး ထိုးနှံနိုင်စွမ်း အမြင့်ဆုံး ဖြစ်လာပါတယ်။ တရုတ်ဟာ လူဦးရေ ၇၀ ရာခိုင်နှုန်းလောက်ကို ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးပေးပြီး ဖြစ်နေချိန်မှာ အမေရိကန်က ၅၄ ရာခိုင်နှုန်း၊ ဥရောပ သမဂ္ဂက ၆၂.၃ ရာခိုင်နှုန်းနဲ့ အိန္ဒိယက ၁၃.၂ ရာခိုင်နှုန်းစီ အသီးသီး ဆေးထိုးပေးပြီး ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လထဲမှာ တရုတ်ရဲ့ ကာကွယ်ဆေး ထိုးပေးမှု လုပ်ဆောင်နိုင်စွမ်းက အမြင့်ဆုံးအဆင့် ရောက်ခဲ့ပြီး တစ်နေ့ကို လူပေါင်း သန်း ၂၀ လောက်ထိ ကာကွယ်ဆေး ထိုးနိုင်ခဲ့ပါတယ်။ တရုတ် အစိုးရဟာ ကာကွယ်ဆေး မထိုးချင်သူတွေကို မူအားဖြင့် လက်ခံ ခွင့်ပြုထားပေမယ့် လက်တွေ့ ဘဝမှာတော့ ကာကွယ်ဆေး မထိုးရင် အနေအထိုင် အရမ်းကျပ်တည်းအောင် စည်းမျဉ်းတွေ ထုတ်ပြန်ထားလိုက်ပါတယ်။ ကာကွယ်ဆေး မထိုးထားတဲ့ သူတွေဟာ လူအများ သွားလာ လည်ပတ်တဲ့ နေရာတွေကို ဝင်ရောက်ခွင့် မရသလို လူစုလူဝေးနဲ့ အခမ်းအနားတွေကိုလည်း တက်ရောက်ခွင့် မရှိတော့ပါဘူး။

တရုတ်မှာ ပြည်တွင်း ကုမ္ပဏီတွေဖြစ်တဲ့ Sinovacနဲ့ Sinopharmတို့ရဲ့ ကာကွယ်ဆေးတွေကို ထိုးနှံပေးနေတာပါ။ ဒီဆေးနှစ်မျိုးလုံးကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အရေးပေါ် သုံးစွဲဖို့ အတည်ပြု ထောက်ခံပေးထားပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။