Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အုတ်ဖိုနယ်ရှိ တာဝါတိုင်ရွာမီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်အား ပဲခူးတိုင်းမှ PDFများ တိုက်ခိုက်

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

(ပဲခူတိုင်း စစ်ဒေသခွဲမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Bago Region PDF)
(ပဲခူတိုင်း စစ်ဒေသခွဲမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Bago Region PDF)

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးရှိ တာဝါတိုင်ကျေးရွာ မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်အား သာယာဝတီခရိုင်နှင့် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်များက သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ၁၂ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။

အုတ်ဖိုမြို့နယ် တာဝါတိုင်ရွာအနီးတွင် မတ်လ ၂၄ရက်က တစ်ကြိမ်၊ မတ်လ ၂၆ရက်က တစ်ကြိမ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

မတ်လ ၂၄ရက် နံနက်က တာဝါတိုင်ရွာအနီးတွင် အင်အား ၃၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ – ၅ (ဗိုလ်မိုးကြိုးအဖွဲ့)က ဦးဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိပ်တိုင်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သလို မိုင်းဖြင့်လည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ – Bago Region PDFက မတ်လ ၂၅ရက်တွင် ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့နောက် မတ်လ ၂၅ ရက်က စစ်ကောင်စီတပ်သည် ယာဉ်နှစ်စီးဖြင့် ထပ်မံအင်အားဖြည့်ရောက်ရှိလာပြီး ယင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မတ်လ ၂၆ရက်တွင် ထပ်မံတိုက်ခိုက်ခြင်းဖြစ်သည်။

သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ – ၄ ၊တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ – ၅ နှင့် ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ – ၅၊တပ်စု ၂ ပူးပေါင်းတပ်ဖွဲ့များက မြွေပွေးစစ်ကြောင်းနှင့် မြင်းပျံစစ်ကြောင်းဟူ၍ စစ်ကြောင်းနှစ်ခုခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်ဘက်မှ ၆ ဦးထက်သေဆုံးကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ – Bago Region PDF က သတင်းထပ်မံထုတ်ပြန်သည်။

သုံးရက်အတွင်း နှစ်ကြိမ်ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၂ဦးထက်မနည်းသေဆုံးသည်ဟု ဆိုသည်။

စစ်​ကောင်စီတပ် ​သေဆုံး ဒဏ်ရာရမှုအ​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။ပဲခူးတိုင်းစစ်​ဒေသခွဲမှ တာဝန်ရှိသူကို ဆက်သွယ်ရန်ကြိုးစား​နေ​သော်လည်း ဆက်သွယ်မရ​သေးပါ။

စစ်ကောင်စီတပ်သည် တာဝါတိုင်ကျေးရွာမှ နေအိမ်များကို ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများ လုယူ‌သွားသည်ဟု ဒေသခံများကပြောသည်။

ထို‌နေ့ နံနက်ပိုင်းက ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခြောက်ဦးသေဆုံးခဲ့ပြီး အထိနာသွားသောကြောင့် ကျေးရွာကိုမီးလာရှို့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။