Connect with us

Hi, what are you looking for?

သတင်း

ခရီးသည်တင်ကားကို မှားယွင်းပစ်ခတ်မိလို့ တနင်္သာရီ ပ.က.ဖ တောင်းပန်

ပစ်ခတ်မှုဖြစ်ပြီး နောက်ရက်မှာပဲ ခရီးသည်တင်ကားကို မှားယွင်းပစ်ခတ်မိတာလို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စာထုတ်ပြီးတောင်းပန်တာတွေ့ရပါတယ်။

ခရီးသည်တင်ကားကို မှားယွင်းပစ်ခတ်မိလို့ တနင်္သာရီ ပ.က.ဖ တောင်းပန်
ခရီးသည်တင်ကားကို မှားယွင်းပစ်ခတ်မိလို့ တနင်္သာရီ ပ.က.ဖ တောင်းပန်

ရန်ကုန် − ကော့သောင်းပြေးဆွဲနေတဲ့ မြတ်မန္တလာထွန်း ခရီးသည်တင်ကားကို မှားယွင်းပစ်ခတ်မိတဲ့အပေါ် တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အနူးအညွှတ်တောင်းပန်လိုက်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့ ဧပြီလ ၁ ရက်ည ၈ နာရီဝန်းကျင်က တနင်္သာရီမြို့နယ်ထဲမှာ ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး အသက် ၆ နှစ်အရွယ်မိန်းကလေးငယ်အပါအဝင် ၂ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။

တိုက်ပွဲ​တွေဖြစ်​နေတုန်းမှာပြည်ထာင်စုလမ်း​ပေါ် မသွားလာကြဖို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၁ ရက်ည​နေ ၄ နာရီ​ကျော်မှာသတိ​ပေးချက်ထုတ်ပြန်ပြီး​တော့ ည ၈ နာရီခန့်မှအခုဖြစ်ရပ်ဖြစ်ပွားတာပါ။တနသာ်ရီမြို့နယ်​ရေဖြူ​ကျေးရွာကစစ်​ကောင်စီတပ်ဗျူဟာကို PDF ​တွေကတိုက်ခိုက်တာမှာ ကား​တွေ ဖြတ်သန်းသွားလာ​နေလို့​နောက်ဆုတ်ခဲ့ရတဲ့အတွက် တိုက်ပွဲဖြစ်ပွား​နေစဥ်မှာ ပြည်​ထောင်စုလမ်း​ပေါ်လုံးဝ မသွားလာကြဖို့ သတိ​ပေးချက်ထုတ်ခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး နောက်ရက်မှာပဲ ခရီးသည်တင်ကားကို မှားယွင်းပစ်ခတ်မိတာလို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စာထုတ်ပြီးတောင်းပန်တာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်သေဆုံးခဲ့ရတဲ့ မိသားစုဝင်တွေအတူ ထပ်တူ ဝမ်းနည်း၊ကြေကွဲရပြီး ကာယကံရှင် မိသားစုတွေကို အနူးအညွှတ်တောင်းပန်တယ်လို့ဆိုထားပါတယ်။

အခင်းဖြစ်ပွားရက်က အဲဒီလမ်းပိုင်းနဲ့ဆက်စပ်နေတဲ့ ထုံခါ − မောတောင်လမ်း မှာ တိုက်ပွဲတွေဖြစ်ခဲ့သလို စစ်ကောင်စီ စစ်ကူတွေလာရောက်မယ်ဆိုတဲ့ သတင်းရထားလို့ စောင့်ဆိုင်းနေကြချိန်လည်းဖြစ်တယ်လို့ ထုတ်ပြန်စာမှာဖော်ပြပါတယ်။

ပစ်ခတ်မှုဖြစ်ပွားချိန်ဟာ အရပ်သားပြည်သူတွေသွားလာချိန်မဟုတ်သလို ကားကို ရပ်ဖို့ သတိပေး ပစ်ခတ်ချိန်မှာ မရပ်တဲ့အတွက် စစ်ကောင်စီတပ်အသွင်ယူသွားလာတယ်လို့ ယူဆပြီး မှားယွင်းပစ်ခတ်မိတာလို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရှင်းလင်းပါတယ်။

ပစ်ခတ်ခံရတဲ့ မြတ်မန္တလာထွန်းကားဟာ ခရီးသွား ၁၆ ဦးလိုက်ပါလာတယ်လို့သိရပြီး အမျိုးသမီး ၁ဦးနဲ့ အသက်၆ နှစ်အရွယ် မိန်းကလေး ၁ ဦးတို့သေဆုံးကာ ဘုန်းကြီး ၂ ပါး၊ ယာဉ်မောင်းနဲ့ ခရီးသွားအမျိုးသားတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်က ကမ္မလိုင်းရွာအခြေစိုက်၊ အမှတ် (၅၅၈) ခြေမြန်တပ်ရင်းမှာ မွမ်မံသင်တန်းတက်ရောက်နေတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦး အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၅) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြိတ်ခရိုင်၊ အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် ကျွဲထိန်ကုန်းကျေးရွာကို စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ဦးသေဆုံးကာ ကလေးငယ်အပါအဝင် ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ဗောဓိကမ်းတံတားဘက်မှအမှတ်၅၆၁ ခြေမြန်တပ်ရင်း(ခမရ ၅၆၁)ကို ဦးတည်တက်လာတဲ့ စစ်တပ်ရဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့သလိုလုံခြုံရေးယူ​ပေးတဲ့ စစ်သား​တွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း PDFမြိတ်ခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်ပါတယ်။