Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းနယ်တွင် စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကောင်စီတပ်သားများက ပြည်သူများအား လူသားဒိုင်းအဖြစ်အသုံးပြုနေပြီး လက်နက်ပြခြိမ်းခြောက်၍ အတင်းလိုက်ပါစီးနင်းလာပါက ခရီးသည်များအနေဖြင့် ဆက်လိုက်ခြင်းမပြုဘဲ ဆင်းနေကာ အခြားနည်းလမ်းဖြင့် ချိတ်ဆက်သွားလာကြရန် Thabeikkyin Revolution-TR အဖွဲ့က သတိပေးသည်။

ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာအတွင်းက သပိတ်ကျင်းနယ်၌တွေ့ရသည့် စစ်ကောင်စီယာဥ်နှင့်တပ်သားများ။ ဓာတ်ပုံ - Cj
ပြီးခဲ့သည့် ၂၀၂၂ အောက်တိုဘာအတွင်းက သပိတ်ကျင်းနယ်၌တွေ့ရသည့် စစ်ကောင်စီယာဥ်နှင့်တပ်သားများ။ ဓာတ်ပုံ - Cj

▪️သပိတ်ကျင်းနယ်အတွင်း မော်တော်ယာဥ်များ နံနက် ၆ နာရီမှ ည ၇ နာရီအတွင်း မောင်းနင်ကြရန် သတိပေး

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ခံရ သော စစ်ကောင်စီတပ်​၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်(၆၀)ခန့် အရပ်သားအမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တကောင်းက ထုတ်ပြန် သည်။

ထီးချိုင့်မှ မန္တလေးမြို့ဘက်သို့ တွဲကားသုံးစီးဖြင့် မောင်းနှင်လာပြီး အင်အား ၈၀ကျော်ပါသော စစ်ကောင်စီယာဉ်တန်းအား ယမန်နေ့(ဧပြီ ၅ရက်) နေ့လည်၂နာရီခွဲခန့်တွင် အရုဏ်ဦးရွာအနီးလမ်းပိုင်း၌ သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်က အထိနာခဲ့ပြီး ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ရာ အရပ်သားအမျိုးသမီးတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

“စစ်တပ်ဘက်က ကားသုံးစီးနဲ့လာတာ။ ဒီဘက် က ပစ်တော့ အထိနာပြီး ပြေးတယ်။ ‌နောက်ပြီး တိုက်ပွဲနဲ့မဆိုင်တဲ့နေရာမှာ အရပ်သားတွေဘက်ကို ပစ်တာ”ဟု အထက်ပါ ထောက်ပို့ရဲဘော်ကပြောသည်။

Public Service Announcement

တိုက်ပွဲဖြစ်ရာနေရာမဟုတ်သည့် အရုဏ်ဦးနှင့် ကွမ်းတောကျေးရွာလမ်းကြားတွင် ကင်းပုန်းဝပ်စောင့်နေသော စစ်ကောင်စီတပ်ဖွဲ့က ရမ်းသမ်းပစ်ခက်‌သောကြောင့် နေအိမ်တွင် ထမင်းချက်နေသော အသက်(၆၀)ခန့် အမျိုးသမီးတစ်ဦး လည်ပင်းကျည်ထိမှန်ကာ နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တကောင်းက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လတတိယလပတ်အတွင်းက ကချင်ပြည်နယ်မှ ကျောက်စိမ်းတုံးများ သယ်ဆောင်ပြီး မန္တလေးမြို့သို့ ပို့‌ဆောင်ခဲ့သည်။ အဆိုပါ စစ်ကောင်စီယာဉ်တန်းကို အင်းတော်- ကသာ-ထီးချိုင့်- တကောင်း- သပိတ်ကျင်းလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မတ်လ ၃၀ရက်ကလည်း သပိတ်ကျင်းမြို့အနီးတိုက်ခိုက်မှုတွင် ခရီးသွားအရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ရေးသတင်းများကို နားထောင်ပြီး သတိပေးချက်များကို လိုက်နာရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ထို့အပြင် သပိတ်ကျင်းမြို့နယ်အတွင်း သွားလာနေကြသော မော်တော်ယာဥ်များ အနေဖြင့် နံနက် ၆နာရီမှ ည ၇နာရီအတွင်းသာ သွားလာကြရန်၊ ပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ခံစစ်သားများနှင့် အတူစီးနင်းခြင်း၊စစ်ကောင်စီယာဉ်တန်းများနှင့် နီးကပ်စွာသွားလာခြင်းမပြုလုပ်ကြရန် အထူးမေတ္တာရပ်ခံကြောင်း Thabeikkyin Revolution-TR အဖွဲ့၏ ထုတ်ပြန်ထားသည်။

“စကစကားတွေနဲ့ ပြည်သူ‌ကားတွေ ရောနေတာကြောင့်ရယ်၊ အချိန်မတော်ထွက်ကြတော့ စစ်ကားနဲ့မှားတတ်လို့ သတိပေးတာပါ။”ဟု Thabeikkyin Revolution-TR အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သားများက ပြည်သူများအား လူသားဒိုင်းအဖြစ်အသုံးပြုနေပြီး လက်နက်ပြခြိမ်းခြောက်၍ အတင်းလိုက်ပါစီးနင်းလာပါက ခရီးသည်များအနေဖြင့် ဆက်လိုက်ခြင်းမပြုဘဲ ဆင်းနေကာ အခြားနည်းလမ်းဖြင့် ချိတ်ဆက်သွားလာကြရန် Thabeikkyin Revolution-TR အဖွဲ့က သတိပေးသည်။

စစ်ကောင်စီအား ကူညီထောက်ပံ့နေသော Express ယာဉ်များ၊တွဲကားများ၊အိမ်စီးကားအမျိူးမျိုးနှင့် ယာဉ်အမျိုးမျိုးအား ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာသော ကိစ္စအရပ်ရပ်ကို တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း Thabeikkyin Revolution-TR အဖွဲ့ကအသိပေးကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။