Connect with us

Hi, what are you looking for?

သတင်း

ကြံခိုင်ရေးကို နိုင်ငံရေးပါတီ မှတ်ပုံတင် ချပေး

စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာမှာဖော်ပြချက်အရ နေပြည်တော် မှာရှိတဲ့ ကြံခိုင်ရေးဌာနချုပ် ကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး သွားရောက်စစ်ဆေးပြီး မှတ်ပုံတင်ခွင့်ပြုတာလို့သိရပါတယ်။

ကြံခိုင်ရေးကို နိုင်ငံရေးပါတီ မှတ်ပုံတင် ချပေး
ကြံခိုင်ရေးကို နိုင်ငံရေးပါတီ မှတ်ပုံတင် ချပေး

နိုင်ငံရေးပါတီတွေကို မှတ်ပုံပြန်တင်ခိုင်းပြီးနောက် စစ်ကောင်စီဟာ ကြံခိုင်ရေးပါတီကို ပထမဆုံးမှတ်ပုံတင်တဲ့ ပါတီအဖြစ် မနေ့ ဧပြီလ ၂၀ ရက်မှာ မှတ်ပုံတင်ချပေးလိုက်ပါတယ်။

စစ်ကောင်စီထံ မှတ်ပုံပြန်တင်တဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီရှိတဲ့အနက် စစ်တပ်ကျောထောက်နောက်ခံ ကြံခိုင်ရေးပါတီ ကို ပါတီမှတ်ပုံတင်အမှတ်စဉ် (၁) နဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်တာပါ။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာမှာဖော်ပြချက်အရ နေပြည်တော် မှာရှိတဲ့ ကြံခိုင်ရေးဌာနချုပ် ကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး သွားရောက်စစ်ဆေးပြီး မှတ်ပုံတင်ခွင့်ပြုတာလို့သိရပါတယ်။

အဲဒီသတင်းစာမှာဖော်ပြထားတဲ့ ဓာတ်ပုံအရ ကြံခိုင်ရေး ရုံးချုပ်မှာ ဦးသိန်းစိုးနဲ့ ကြံခိုင်ရေးပါတီခေါင်းဆောင်ပိုင်းတွေကို အတူတကွတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးဟာ စစ်တပ်စီစဉ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မှာ ရွေးကောက်ပွဲဥက္ကဋ္ဌ တာဝန်ယူခဲ့သူပါ။

၂၀၂၁ ခုနှစ်တကျော့ပြန် အာဏာသိမ်းမှုအပြီးမှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင်က သူ့ကို ရွေးကောက်ပွဲဥက္ကဋ္ဌ ရာထူးပြန်ခန့်ပါတယ်။

ဦးသိန်းစိုး ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဟာ ကြိုတင်မဲတွေနဲ့ နာမည်ကြီးပြီး ကြံခိုင်ရေးပါတီအနိုင်ရတဲ့ ရွေးကောက်ပွဲလည်းဖြစ်ပါတယ်။

အခုတစ်ခေါက်မှာလည်း ဦးသိန်းစိုးဟာ အာဏာသိမ်းစစ်ကောင်စီ ကျင်းပမယ့်ရွေးကောက်ပွဲမှာ ကြံခိုင်ရေးပါတီ အနိုင်ရဖို့ စနစ်တကျ စီမံနေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်း လွှတ်တော်နေရာ ၁၀ရာခိုင်နှုန်းပင် မရှိတဲ့၊ လူထုထောက်ခံမှုမရှိတဲ့ နိုင်ငံရေးပါတီတွေက အာဏာသိမ်းစစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ လုပ်ဆောင်နေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေအပေါ် ဖိနှိပ်ချိုးနှိမ်နေတဲ့ နောက်ထပ် ခြေလှမ်း တစ်ခုအဖြစ် မာလီ အာဏာသိမ်း စစ်အစိုးရဟာ နိုင်ငံရေး ပါတီအားလုံးကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ အစိုးရကို ပြုတ်ကျစေခဲ့တဲ့ လူထု အုံကြွမှုကို အဓိက ဦးဆောင်ခဲ့သူ ဘင်္ဂလားဒေ့ရှ် ကျောင်းသားတွေဟာ နိုင်ငံရေး ပါတီသစ် တစ်ခုကို ထူထောင်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မြို့တော် အမ်ဘာဘိန်မှာ မဲရုံတွေ စတင် ဖွင့်လှစ်ခဲ့ပြီး အခြေအနေတွေက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။