Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိယက်ဗ်မှာ ရုရှားဒုံးကျည်ကြောင့် အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေးစနစ် ထိခိုက်ပျက်စီး

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ တိကျပြီး ထက်မြက်လှတဲ့ Kinzhal ဒုံးကျည်ရဲ့ ဒဏ်ကြောင့် Patriot လေကြောင်းကာကွယ်ရေးစနစ် ပျက်စီးသွားတာ ဖြစ်တယ်လို့ အမွှန်းတင်ပြီး ထုတ်ပြန်ထားပါတယ်။

ကိယက်ဗ်မှာ ရုရှားဒုံးကျည်ကြောင့် အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေးစနစ် ထိခိုက်ပျက်စီး
ကိယက်ဗ်မှာ ရုရှားဒုံးကျည်ကြောင့် အမေရိကန်လုပ် Patriot လေကြောင်းကာကွယ်ရေးစနစ် ထိခိုက်ပျက်စီး

ရုရှား ဒုံးကျည်ကြောင့် ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်မှာရှိတဲ့ Patriot လေကြောင်း ကာကွယ်ရေးစနစ် ထိခိုက် ပျက်စီးမှု အခြေအနေတွေ အမေရိကန်က ဆန်းစစ်နေကြောင်း သိရပါတယ်။

မေလ ၁၆ ရက်မှာ ရုရှားဟာ ကိယက်ဗ်ကို ဒုံးကျည်တွေ တပြုံတမကြီး ပစ်လွှတ်ပြီး ညလုံးပေါက် ပစ်ခတ် တိုက်ခိုက်ခဲ့သလို ရုရှား သမ္မတ ဗလာဒီမာ ပူတင် ဂုဏ်ယူကြွားဝါထားတဲ့ Kinzhal အမျိုးအစား ဒုံးကျည်တွေကိုပါ အဲဒီ တိုက်ခိုက်မှုတွေမှာ အသုံးပြုခဲ့ကြောင်း ယူကရိန်းက ဆိုပါတယ်။ ပြီးတော့ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ Patriot လေကြောင်း ကာကွယ်ရေး စနစ်ဟာ Kinzhal ဒုံးကျည် ၆ စင်းထက် မနည်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့လည်း ယူကရိန်းက ကြေညာပါတယ်။ Kinzhalတွေဟာ ကမ္ဘာပေါ်မှာ ရှိသမျှ ဘယ်လေကြောင်း ကာကွယ်ရေး စနစ်ကမှ တားဆီးလို့ မရအောင် အသံလွန် ဟိုက်ပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်ကြောင်း ပူတင်က ကြွေးကြော်ထားပါတယ်။

ရုရှားက သူတို့ရဲ့ Kinzhal ဒုံးကျည်တွေ ယူကရိန်းမှာ အများအပြား ပစ်ချခံရတယ် ဆိုတာကို ငြင်းဆိုထားပြီး လက်တွေ့မှာတော့ Kinzhal တစ်စင်းက ယူကရိန်း လက်ထဲမှာရှိတဲ့ Patriot လေကြောင်း ကာကွယ်ရေး စနစ်ကိုတောင် ဖောက်ခွဲ ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ထုတ်လုပ်မှု သက်တမ်း နှစ်ပေါင်း ၄၀ လောက် ကြာမြင့်လာပြီ ဖြစ်တဲ့တိုင် Patriotတွေဟာ လက်ရှိ အချိန်ထိ ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံး လေကြောင်းကာကွယ်ရေး စနစ်တစ်ခုအဖြစ် ရပ်တည်နေဆဲပါ။ အမေရိကန်ဟာ ကိယက်ဗ်ရဲ့ ကောင်းကင်ကို ကာကွယ်ဖို့အတွက် ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ အဲဒီစနစ် တစ်ခုကို ထောက်ပံ့ ပေးပို့ထားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၁၆ ရက်က ရုရှားဒုံးကျည် တစ်စီးဟာ ကိယက်ဗ်မြို့ တစ်နေရာမှာ ရှိနေတဲ့ Patriot ဒုံးခွင်းဒုံး စနစ်ကို ထိခိုက် ပျက်စီးစေခဲ့ကြောင်း အမေရိကန်နဲ့ ယူကရိန်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။ ဒါပေမဲ့ လုံးဝဥဿုံ သုံးမရတဲ့ အဆင့်ထိ ပျက်စီးတာမျိုးတော့ မဟုတ်ဘဲ Patriot စနစ်က အလုပ်လုပ်နေဆဲလို့ ကနဦး သိရှိထားကြောင်း အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီက မှတ်ချက် ပေးပါတယ်။

ယူကရိန်း လေတပ်ကတော့ ရုရှားရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ပစ်ချခဲ့တယ် ဆိုတာကိုသာ အတည်ပြုပြီး Patriot ဒုံးခွင်းဒုံးစနစ် ဖျက်ဆီးခံရကြောင်း ရုရှားရဲ့ အဆိုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ကိုတော့ ငြင်းဆန်သွားပါတယ်။ လောလောဆယ်တော့ အမေရိကန်ဟာ Patriot စနစ်ရဲ့ ပျက်စီးမှု အတိုင်းအတာ ပမာဏကို တိတိကျကျ ဆန်းစစ်ဖို့ ကြိုးစားနေဆဲလို့ သိရပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ တိကျပြီး ထက်မြက်လှတဲ့ Kinzhal ဒုံးကျည်ရဲ့ ဒဏ်ကြောင့် Patriot လေကြောင်းကာကွယ်ရေးစနစ် ပျက်စီးသွားတာ ဖြစ်တယ်လို့ အမွှန်းတင်ပြီး ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။