Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက စစ်တွေသို့သွားမည့်လေကြောင်းလိုင်းများ မေ ၂၁ ရက်အထိ ရပ်ဆိုင်းထား

လက်ရှိအခြေအနေများကြောင့် စစ်တွေမြို့တွင် လေကြောင်းလိုင်းများ ခေတ္တယာယီပိတ်ထားရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သံတွဲမြို့ကိုပုံမှန်ခရီးစဉ်ပြေးဆွဲလျက်ရှိသည်ဟု အခြားအရောင်းကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။

(စစ်​တွေမြို့ရှိစစ်​နွေ​လေဆိပ်ကို မုန်တိုင်းအလွန်တွင်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(စစ်​တွေမြို့ရှိစစ်​နွေ​လေဆိပ်ကို မုန်တိုင်းအလွန်တွင်​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်မည့် လေကြောင်းလိုင်းများကို မေ ၂၁ ရက်အထိရပ်ဆိုင်းထားကြောင်း လေယာဉ်အရောင်းကိုယ်စားလှယ်များကပြောသည်။

​မေ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်​တွေမြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းနှင့် ​ကျေးရွာများမှာပင် သေဆုံးသူ ၄၀၀ ​ကျော်ရှိခဲ့သည့် စစ်တွေမြို့ကို မေ ၂၁ ရက်အထိ လေကြောင်းလိုင်းများကို စစ်ကောင်စီက ပိတ်ပင်ထားကြောင်း အဆိုပါအရောင်းကိုယ်စားလှယ်များကပြောသည်။

“မေ ၂၁ ရက်တော့ လေယာဉ်ထွက်ပါတယ်၊ ခုံလက်မှတ်တော့မရတော့ပါဘူး။ မေ ၂၂ ရက်မှာတော့ မနက် ၇နာရီထွက်မယ့်ဟာတော့ ရနိုင်ပါသေးတယ်”ဟု အရောင်းကိုယ်စားလှယ်တစ်ဦး မေ ၁၇ ရက် မနက်ပိုင်းတွင်ပြောသည်။

Public Service Announcement
Public Service Announcement

လက်ရှိအခြေအနေများကြောင့် စစ်တွေမြို့တွင် လေကြောင်းလိုင်းများ ခေတ္တယာယီပိတ်ထားရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်သံတွဲမြို့ကိုပုံမှန်ခရီးစဉ်ပြေးဆွဲလျက်ရှိသည်ဟု အခြားအရောင်းကိုယ်စားလှယ်တစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

မေ ၁၄ ရက်က တိုက်ခိုက်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်​ကောင်စီက ထိခိုက်​သေဆုံးမှုနည်း​အောင် လုပ်နိုင်ခဲ့သည်ဟု အာဏာသိမ်း​ခေါင်​ဆောင်က​ပြောပြီး​နောက်​နေ့မှာပင်စစ်တွေမြို့တခုတည်းတွင် လူပေါင်း ရာချီသေဆုံးခဲ့​ကြောင်းသတင်းများတက်လာခဲ့ခြင်းဖြစ်သည်။ရိုဟင်ဂျာဒုက္ခသည် စခန်းတွင် ခိုလှုံနေရသည့် ရိုဟင်ဂျာ ဒုက္ခသည်များ ပင်လယ်ကမ်း​ခြေမှ ရိုဟင်ဂျာ​ကျေးရွာများမှဂျိုဟင်ဂျာ ၄၀၀ကျော် သေဆုံးခဲ့ကြောင်း မြေပြင်တွင်ကူညီ​ပေး​နေသူများက​​ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် လေကြောင်းဦးစီးဌာနကဝန်ထမ်းတစ်ဦးက မုန်တိုင်းကြောင့် လေကြောင်းထိန်းချုပ်စင်တာ ဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီးနောက် လေယာဉ်များ ဆင်းသက်၍ မရနိုင်သောကြောင့် လေကြောင်းခရီးစဉ်များ ယာယီရပ်နားရခြင်းဖြစ်သည်ဟုဆိုသည်။

ရခိုင်ပြည်နယ်အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီက စစ်တွေမြို့ကို နိုင်ငံတကာအဖွဲ့အစည်းများ လာရောက်မည့်ကိုကန့်သတ်မည်ကို စိုးရိမ်ကြောင်း မှတ်ချက်ပေးသည်။

လတ်တလောမှာ အစားအသောက်နဲ့ အမိုးအကာတွေ အရေးတကြီးလိုအပ်နေတယ်။

“ခုအချိန်အထိတော့ ဘာကယ်ဆယ်ရေးမှ မရသေးပါဘူး ခင်ဗျ။ ကျွန်တော်တို့ အရေးပေါ်ကယ်ဆယ်ရေးသာရလို့ရှိရင်တော့ အားလုံးပူးပေါင်းပြီးတော့ ကူညီလုပ်ကိုင်ပေးလို့ရတယ်” ဟု စစ်​တွေမြို့တွင် ရိုဟင်ဂျာဒုက္ခသည်စခန်းနှင့်ရွာမျာကို ထိခိုက်ပျက်စီးမှု စာရင်းလိုက်​ကောက်​နေသူက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာတိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က သတင်းဖော်ပြထားပြီး စစ်တပ်က နေ့စဉ် လေယာဉ်နဲ့ စားနပ်ရိက္ခာတွေ ချပေးနေရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

တော်လှန်ရေးတပ်တွေရဲ့ မြေပြင်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်က အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ်နဲ့ ရိက္ခာတွေ ချပေးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့ပေါ်ကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါးတွေတင်ဆောင်လာတဲ့စက်လှေနှစ်စီးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ဦးကို အာရက္ခတပ်တော် (AA)က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။