Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာ ထောက်ပံ့မှု တစ်လလျင် ပျမ်းမျှလူဦးရေ ၂သိန်းကျော်ရှိ

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပြီး (၂)နှစ် အတွင်း စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေကြရသော ပြည်သူများအတွက် ငွေကျပ် (၆ ဒသမ ၆)ဘီလီယံခန့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ခဲ့မှု အခြေအနေကိုဝန်ကြီးဌာန က အသိပေးခဲ့ခြင်းဖြစ်သည်။

(စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူအချို့အား မေလ ၁၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူအချို့အား မေလ ၁၆ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

▪️နိုင်ငံတကာမှအကူအညီရရှိရေး အလှူရှင်နိုင်ငံများ၊ကုလနှင့်အာဆီယံထံ အစီရင်ခံစာပေးပို့ခဲ့ဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် တစ်လလျှင်ပျမ်းမျှ စစ်ဘေးရှောင်ပြည်သူ (၂)သိန်းကျော်ကို စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပြီး (၂)နှစ် အတွင်း စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေကြရသော ပြည်သူများအတွက် ငွေကျပ် (၆ ဒသမ ၆)ဘီလီယံခန့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ခဲ့မှု အခြေအနေကိုဝန်ကြီးဌာန က အသိပေးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် ၎င်း၏နောက်လိုက်နောက်ပါအဖွဲ့များက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များဆုံးရှုံးခဲ့ရသည့် ပြည်နယ်နှင့်တိုင်းအသီးသီးတို့မှ ဒေသခံပြည်သူများအတွက် ယာယီတဲများပြန်လည် ဆောက်လုပ်ပေးခြင်းကို လက်ရှိအချိန်အထိ ပြည်သူမှပြည်သူသို့လှူဒါန်းသည့် ရန်ပုံငွေဖြင့် ယာယီတဲပေါင်း (၂,၂၃၉)လုံး ဆောက်လုပ်ပေးပြီးဖြစ်သည်ဟုဖော်ပြသည်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူလူထုနေအိမ်အရေအတွက်မှာ နိုင်ငံတစ်ဝန်းလုံး၌ အိမ်ခြေ ခြောက်သောင်းကျော်ရှိသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ အသက်ဆုံးရှုံးရမှုလျှော့ချနိုင်ရန် ဝန်ကြီးဌာနက ရန်ပုံငွေကျပ် ၁၁၉သန်းခန့် အသုံးပြု၍ ကြားကာလ ပညာရေးဖော်ဆောင်နေသာ စာသင်ကျောင်းများတွင် ဗုံးခိုကျင်း ၇၉၈ကျင်း တူးဖော်ခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့အပြင် ဘေးအန္တရာယ်အမျိုးမျိုးနှင့် ပတ်သက် သည့် အသိပညာပေးခြင်းစာစောင်များ ထုတ်ဝေဖြန့်ဖြူးခြင်းနှင့် စာသင်ကျောင်းများတွင် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ကြားကာလဒေသန္တာရ ပြည်သူအုပ်ချုပ်ရေးဖော် ဆောင်လျက်ရှိသည့် တိုင်းဒေသကြီးများရှိ လူသားစာနာတာဝန်ခံများ၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်များ စုစုပေါင်း (၃၅၂)ဦးကိုလည်း အရပ်သားထိခိုက်မှုလျှော့ချရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းဆိုင်ရာ သင်တန်းများဖွင့်လှစ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

နိုင်ငံတကာမှ လူသားချင်းစာနာမှု အကူအညီများရရှိနိုင်ရေးအတွက် စစ်ဘေးရှောင်ပြည်သူအများဆုံးရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၃၉)မြို့နယ် တွင် လူသားချင်းစာနာကူညီမှုဆိုင်ရာ လိုအပ်ချက်ဆန်းစစ် လေ့လာခြင်းဆောင်ရွက်ခဲ့ပြီး အစီရင်ခံစာကိုလည်း အလှူရှင်နိုင်ငံများ၊ ကုလသမဂ္ဂနှင့် အာဆီယံသို့ ဖြန့်ချိပေးပို့ခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် အရပ်သားထိခိုက်မှုလျှော့ချရေးနှင့် ဘေးကင်းလုံခြုံသည့် လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြန်များ ဖော်ဆောင်နိုင်ရန်အလို့ငှာ တိုင်းရင်းသား တော်လှန်ရေးမဟာမိတ်များ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်း၍ အားလုံးပါဝင်သော လူသားချင်းစာနာကူညီမှုဆိုင်ရာ ဖိုရမ်တစ်ခု ကျင်းပနိုင်ရေးကိုလည်း စီမံဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊မြစ်ခြေမြို့ကို စစ်တပ်ကတပ်စွဲထားဆဲဖြစ်ပြီး ဒေသခံပြည်သူတစ်သောင်းကျော်ဟာ တစ်လခွဲခန့်အကြာစစ်ဘေးရှောင်နေရဆဲဖြစ်ကာ စားနပ်ရိက္ခာ တွေလိုအပ် နေတယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူများပြားနေပြီး စားနပ်ရိက္ခာနဲ့ သောက်သုံးရေအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းတွေ အရေးပေါ် လိုအပ်လျက်ရှိကြောင်း မြေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ကမ်းလက်များအဖွဲ့က ပြောပါတယ်။