Connect with us

Hi, what are you looking for?

ဗီဒီယို

ဒီးမော့ဆိုတွင် တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်မှ အများအပြားသေဆုံးဟု KNDF ထုတ်ပြန်

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ကရင်နီတပ်မ တော်(KA)၊ KNDFနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များက ခုခံတိုက်ခိုက်ခဲ့ရာ ယခု စက်တင်ဘာအတွင်း ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ခဲ့သည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာ‌ကျေးရွာနှင့် ကျောက်ဆည်ကန် လယ်စိုက်ကွင်းတို့တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့၍ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDF) က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၆ရက် နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီး နေ့လည်ပိုင်းနှင့် ညနေပိုင်းတို့တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိ ခိုက်မှုများပြားခဲ့သဖြင့်၊ တိုက်ပွဲဖြစ်ပွားရာ ကျောက်ဆည်ကန်ဖက်သို့ ညနေပိုင်းတွင် စစ်အင်အားများထပ်မံဖြည့်တင်းမှုများပြုလုပ်ခဲ့သော်လည်း တပ်များဖရိုဖရဲဖြစ်ကာ ကုန်းသာကျေးရွာမှ ဆုတ်ခွာသွားကြောင်း၊ ယခုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အများအပြားထိခိုက်ကျဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

သို့ရာတွင်စစ်ကောင်စီတပ်၏ သေဆုံးမှုအရေ အ တွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ပွဲအတွင်း ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်အချို့ အသေးစားထိခိုက်မှု အနည်းငယ်ရှိခဲ့ကြောင်း ဖော်ပြသည်။ ယမန်နေ့ (စက်တင်ဘာ ၂၅ရက်)တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်က ၁၀ဦးသေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ကရင်နီတပ်မ တော်(KA)၊ KNDFနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များက ခုခံတိုက်ခိုက်ခဲ့ရာ ယခု စက်တင်ဘာအတွင်း ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook