Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဒီးမော့ဆိုတွင် တိုက်ပွဲဆက်ဖြစ်၍ စစ်ကောင်စီတပ်မှ အများအပြားသေဆုံးဟု KNDF ထုတ်ပြန်

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ကရင်နီတပ်မ တော်(KA)၊ KNDFနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များက ခုခံတိုက်ခိုက်ခဲ့ရာ ယခု စက်တင်ဘာအတွင်း ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ခဲ့သည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာ‌ကျေးရွာနှင့် ကျောက်ဆည်ကန် လယ်စိုက်ကွင်းတို့တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့၍ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDF) က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၆ရက် နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ပြီး နေ့လည်ပိုင်းနှင့် ညနေပိုင်းတို့တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိ ခိုက်မှုများပြားခဲ့သဖြင့်၊ တိုက်ပွဲဖြစ်ပွားရာ ကျောက်ဆည်ကန်ဖက်သို့ ညနေပိုင်းတွင် စစ်အင်အားများထပ်မံဖြည့်တင်းမှုများပြုလုပ်ခဲ့သော်လည်း တပ်များဖရိုဖရဲဖြစ်ကာ ကုန်းသာကျေးရွာမှ ဆုတ်ခွာသွားကြောင်း၊ ယခုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အများအပြားထိခိုက်ကျဆုံးခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

သို့ရာတွင်စစ်ကောင်စီတပ်၏ သေဆုံးမှုအရေ အ တွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ပွဲအတွင်း ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်အချို့ အသေးစားထိခိုက်မှု အနည်းငယ်ရှိခဲ့ကြောင်း ဖော်ပြသည်။ ယမန်နေ့ (စက်တင်ဘာ ၂၅ရက်)တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်က ၁၀ဦးသေဆုံးခဲ့ပြီး ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ကရင်နီတပ်မ တော်(KA)၊ KNDFနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) များက ခုခံတိုက်ခိုက်ခဲ့ရာ ယခု စက်တင်ဘာအတွင်း ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။