Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ ဇွဲထက်ရွှေဆိုင်ရှေ့ဗုံးပေါက်ပြီး လူ ၁၂ ဦး ဒဏ်ရာရ၊ ၂ဦးစိုးရိမ်ရ

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေထဲမှာ ရွှေဆိုင်ဧည့်ကြိုဝန်ထမ်းတွေနဲ့ ဆိုင်ကယ်ရပ်နားရာနေရာ အစောင့်ဝန်ထမ်း တွေပါတယ်လို့သိရပါတယ်။

လားရှိုးမြို့ ဇွဲထက်ရွှေဆိုင်ရှေ့ဗုံးပေါက်ပြီး လူ ၁၂ ဦး ဒဏ်ရာရ၊ ၂ဦးစိုးရိမ်ရ
လားရှိုးမြို့ ဇွဲထက်ရွှေဆိုင်ရှေ့ဗုံးပေါက်ပြီး လူ ၁၂ ဦး ဒဏ်ရာရ၊ ၂ဦးစိုးရိမ်ရ

ဒီနေ့မနက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မဈေးမှာရှိတဲ့ ဇွဲထက် ရွှေဆိုင်ရှေ့ ဗုံးပေါက်ကွဲမှုမှာ ၁၂ ဦး ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရတယ်လို့ ကူညီကယ်ဆယ်ရေးအသင်းတွေထံက စုံစမ်းသိရပါတယ်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေထဲမှာ ရွှေဆိုင်ဧည့်ကြိုဝန်ထမ်းတွေနဲ့ ဆိုင်ကယ်ရပ်နားရာနေရာ အစောင့်ဝန်ထမ်း တွေပါတယ်လို့သိရပါတယ်။

မနက် ၈ နာရီဝန်းကျင်က ရွှေဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ် ကနေ ပေါက်ကွဲမှု ဖြစ်တာလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦး တစ်ဦးက ပြောပြပါတယ်။

” အသံကတော့ တစ်ချက်တည်းပဲ ၊ ကွဲတဲ့အရှိန်ကတော်တော်ပြင်းတယ်”လို့ ဈေးအနီးနေထိုင်သူတစ်ဦးကလည်းပြောပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိခိုက်ဒဏ်ရာရသူတွေဟာ အမျိုးသား ၆ဦးနဲ့ အမျိုးသမီး ၆ဦးဖြစ်ပြီး လားရှိုးဆေးရုံဆီပို့ထားပါတယ်။

ဒဏ်ရာရသူတွေထဲက အမျိုးသား ၂ ဦး စိုးရိမ်ရတယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က တအာင်းအမျိုးသမီးရေးရာရုံးဝင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရရှိသွားပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ လူတစ်စုက ဘုန်းကြီးကျောင်းဝင်းအတွင်းဝင်လာပြီး သံဃာတစ်ပါး သတ်ဖြတ်သွားပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ ဒီနေ့ တစ်ရက်တည်းမှာ ဗုံးပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။