Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဖမ်းခံရနိုင်တဲ့ အခြေအနေ ရှိတာကြောင့် တောင်အာဖရိကမှာ အစည်းအဝေး သွားမတက်ဖို့ ပူတင်ဆုံးဖြတ်

နောက်ဆုံးမှာတော့ ရုရှားက ပူတင်ဟာ အစည်းအဝေး တက်ဖြစ်တော့မှာ မဟုတ်ဘူးလို့ တောင်အာဖရိကဆီ ဆက်သွယ် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံတကာ ဥပဒေရေးရာ ဘေးကျပ်နံကျပ် အခြေအနေကနေ အိမ်ရှင်နိုင်ငံ အနေနဲ့ လွတ်မြောက်သွားတဲ့ သဘောပါပဲ။

အဖမ်းခံရနိုင်တဲ့ အခြေအနေ ရှိတာကြောင့် တောင်အာဖရိကမှာ အစည်းအဝေး သွားမတက်ဖို့ ပူတင်ဆုံးဖြတ်
အဖမ်းခံရနိုင်တဲ့ အခြေအနေ ရှိတာကြောင့် တောင်အာဖရိကမှာ အစည်းအဝေး သွားမတက်ဖို့ ပူတင်ဆုံးဖြတ်

ဖမ်းဆီးခံရနိုင်တဲ့ ခြိမ်းခြောက်မှုမျိုး ရှိနေတဲ့အတွက် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ နောက်လထဲမှာ တောင်အာဖရိက နိုင်ငံကို သွားရောက်ပြီး အစည်းအဝေး တက်ဖြစ်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

မူလက ပူတင်ကို ဂျိုဟန်နက်စဘက်ဂ်မြို့မှာ စီးပွားရေး ညီလာခံ တက်ရောက်ဖို့ အိမ်ရှင်နိုင်ငံရဲ့ သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာက ဖိတ်ကြားထားခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ပူတင်ဟာ အစည်းအဝေး မတက်ဖို့ ဆုံးဖြတ်သွားကြောင်း ဇူလိုင် ၁၉ ရက်မှာ တောင်အာဖရိက အစိုးရက ကြေညာခဲ့ပါတယ်။

ပူတင်ဟာ ယူကရိန်းမှာ ရုရှားတပ်တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ ဆက်စပ်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)ရဲ့ ဖမ်းဝရမ်းထုတ်တာ ခံထားရပါတယ်။ အဲဒီ ဝရမ်းအရ ပူတင် အနေနဲ့ ရုရှားပြင်ပကို ထွက်လာပြီး ICCမှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်ခုခုဆီ ရောက်ရှိနေချိန်မှာ ဖမ်းဆီးခံရနိုင်ခြေ ရှိနေပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံရဲ့ အာဏာပိုင်တွေက ICCရဲ့ ဝရမ်းကို လေးစားလိုက်နာပြီး ကိုယ်တိုင်ကိုယ်ကျ ကူညီဖို့တော့ လိုပါတယ်။ တောင်အာဖရိကဟာ ICCနဲ့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်ခုပါ။

အစောပိုင်းမှာတော့ ရာမာဖိုဆာက ပူတင် အစည်းအဝေး လာတက်ရင် ဖမ်းဆီးပေးဖို့ လုံးဝ စိတ်ကူးမရှိကြောင်း အတိအလင်း ပြောကြားထားပါတယ်။ ပူတင်ကို ဖမ်းလိုက်မယ်ဆိုရင် ရုရှားကို စစ်ကြေညာလိုက်တာနဲ့ တူကြောင်း၊ သူ့အစိုးရရဲ့ မူဝါဒထဲမှာ ရုရှားနဲ့ စစ်ဖြစ်ဖို့ကိစ္စ မပါဝင်ကြောင်း ရာမာဖိုဆာက ဆိုပါတယ်။ တစ်ဖက်မှာတော့ တောင်အာဖရိက အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ICCကို ကူညီပြီး ပူတင်ကို ဖမ်းဆီးဖို့ အစိုးရကို အပြင်းအထန် ဖိအားပေးနေပါတယ်။

Public Service Announcement

Public Service Announcement

နောက်ဆုံးမှာတော့ ရုရှားက ပူတင်ဟာ အစည်းအဝေး တက်ဖြစ်တော့မှာ မဟုတ်ဘူးလို့ တောင်အာဖရိကဆီ ဆက်သွယ် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံတကာ ဥပဒေရေးရာ ဘေးကျပ်နံကျပ် အခြေအနေကနေ အိမ်ရှင်နိုင်ငံ အနေနဲ့ လွတ်မြောက်သွားတဲ့ သဘောပါပဲ။

ကရင်မလင် နန်းတော်က ပူတင် အစည်းအဝေး မတက်ဖြစ်တော့တဲ့ အကြောင်းရင်းကို မပြောပေမယ့် သူ့အစား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကို စေလွှတ်သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ သမ္မတကတော့ မော်စကိုကနေပြီး အွန်လိုင်းကနေတဆင့် အစည်းအဝေးမှာ ချိတ်ဆက် ဆွေးနွေးသွားမယ်လို့ ရုရှားအစိုးရက ကြေညာပါတယ်။

တောင်အာဖရိက လက်ရှိအာဏာရ ပါတီဟာ ရုရှားနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးမျိုး ရှိနေပါတယ်။ မေလတုန်းက နိုင်ငံရဲ့ အမေရိကန် သံအမတ်ကြီးက တောင်အာဖရိက အစိုးရဟာ ယူကရိန်း စစ်ပွဲအတွက် ရုရှားကို လက်နက် ကူညီ တပ်ဆင်ပေးနေတယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။ ရာမာဖိုဆာက အဲဒီ စွပ်စွဲချက်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဇွန်လမှာတော့ ရာမာဖိုဆာဟာ ရုရှား-ယူကရိန်း ပဋိပက္ခ ပြေလည်အေးချမ်းစေရေးအတွက် နှစ်နိုင်ငံလုံးကို ကိုယ်စားလှယ် အဖွဲ့တွေ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

ယူကရိန်းစစ်ပွဲ ရပ်တန့်နိုင်ရေး ဆွေးနွေးဖို့အတွက် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားကို သွားရောက်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဆောင်းပါး

ထားဝယ်အထူးစီးပွားရေးဇုန်ထဲက စစ်ရာဇဝတ်မှုများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ဟာ ကာဂျစ္စတန် နိုင်ငံမှာ အစည်းအဝေးတက်ရင်း တွေ့ဆုံခဲ့ကြပါတယ်။