Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ICC ဝရမ်းကြောင့် ပူတင်ကို ဖမ်းမယ်ဆိုရင် ရုရှားကို စစ်ကြေညာသလို ဖြစ်သွားမယ်လို့ တောင်အာဖရိက သမ္မတပြော

ပူတင်ဟာ ဩဂုတ်လထဲမှာ တောင်အာဖရိကကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ရာမာဖိုဆာက သူ့နိုင်ငံဟာ စစ်ပွဲ ရပ်ဆိုင်းရေးအတွက် ရုရှားရော၊ ယူကရိန်းနဲ့ပါ ချိတ်ဆက် ဆွေးနွေးနေတဲ့ အာဖရိက နိုင်ငံတွေထဲမှာ ပါဝင်တယ်လို့လည်း ပြောကြားထားပါတယ်။

ICC ဝရမ်းကြောင့် ပူတင်ကို ဖမ်းမယ်ဆိုရင် ရုရှားကို စစ်ကြေညာသလို ဖြစ်သွားမယ်လို့ တောင်အာဖရိက သမ္မတပြော
ICC ဝရမ်းကြောင့် ပူတင်ကို ဖမ်းမယ်ဆိုရင် ရုရှားကို စစ်ကြေညာသလို ဖြစ်သွားမယ်လို့ တောင်အာဖရိက သမ္မတပြော

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ဖမ်းဆီးဖို့ ဘယ်လို လက်တွေ့ အားထုတ်မှုမျိုးမဆို ရုရှားကို စစ်ကြေညာသလို ဖြစ်သွားလိမ့်မယ်လို့ တောင်အာဖရိက သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာက သတိပေး ပြောကြားလိုက်ပါတယ်။

ဂျိုဟန်နက်စ်ဘက်ဂ်မြို့မှာ တောင်အာဖရိက နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံတကာ အစည်းအဝေး တစ်ခုကို တက်ရောက်ဖို့ ပူတင်ကို ဖိတ်ကြားထားပြီး ရုရှား သမ္မတကလည်း တက်ရောက်လာမယ့် အလားအလာ ရှိနေပါတယ်။ တစ်ဖက်မှာတော့ ပူတင်ဟာ ယူကရိန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)ရဲ့ ဖမ်းဝရမ်း အထုတ်ခံထားရပါတယ်။ လက်တွေ့ ဖြစ်နိုင်ခြေ အရမ်းနည်းပေမယ့်လည်း သီအိုရီအရ ပူတင်ဟာ ပြည်ပကို ရောက်ရှိနေချိန် အတောအတွင်း ဖမ်းဆီးမှု ခံရနိုင်ခြေ ရှိပါတယ်။

တောင်အာဖရိကဟာ ICCမှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်ခု ဖြစ်တာကြောင့် လုပ်ထုံးလုပ်နည်းအရဆိုရင် ပူတင်ကို ဖမ်းဆီးရေးအတွက် ကူညီပေးသင့်တဲ့ အခြေအနေ ရှိပါတယ်။ ဒါပေမဲ့လည်း တောင်အာဖရိကဟာ အတိတ်ကလည်း ICCအပေါ် ကတိထားရှိမှုကို မျက်ကွယ်ပြုခဲ့တာမျိုး ရှိခဲ့ဖူးပါတယ်။ ဥပမာ အနေနဲ့ ၂၀၁၅ ခုနှစ်က ICC ဖမ်းဝရမ်း ထုတ်ထားတဲ့ (အဲဒီတုန်း) ဆူဒန် သမ္မတ အိုမာ အယ်လ်ဘာရှာကို လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုခဲ့ဖူးပါတယ်။ ဘာရှာဟာ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် ICCရဲ့ ဝရမ်းထုတ်ခြင်း ခံထားရသူပါ။

တောင်အာဖရိကရဲ့ အကြီးမားဆုံး အတိုက်အခံ ပါတီဖြစ်တဲ့ ဒီမိုကရက်တစ် မဟာမိတ်များ ပါတီက ပူတင်ကို အာဏာပိုင်တွေက ဖမ်းဆီးပေးသင့်ကြောင်း အပြင်းအထန် ဖိအားပေးနေပေမယ့် ရာမာဖိုဆာကတော့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားပါတယ်။ ရုရှားသမ္မတကို ဖမ်းလိုက်တာဟာ ရုရှားကို စစ်ကြေညာလိုက်တာနဲ့ တူပြီး တောင်အာဖရိကရဲ့ လုံခြုံရေးကို အကြီးအကျယ် ထိခိုက်သွားစေမယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဖက်ကလည်း သူတို့ သမ္မတကို ဖမ်းတာဟာ စစ်ကြေညာတာနဲ့ တူတူပဲလို့ အတိအလင်း ပြောထားကြောင်း၊ တောင်အာဖရိကရဲ့ မူဝါဒတွေထဲမှာ ရုရှားနဲ့ စစ်တိုက်ဖို့ဆိုတာ ဘယ်တုန်းကမှ မပါခဲ့ကြောင်း ရာမာဖိုဆာက ပြောပါတယ်။

ပူတင်ဟာ ဩဂုတ်လထဲမှာ တောင်အာဖရိကကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ရာမာဖိုဆာက သူ့နိုင်ငံဟာ စစ်ပွဲ ရပ်ဆိုင်းရေးအတွက် ရုရှားရော၊ ယူကရိန်းနဲ့ပါ ချိတ်ဆက် ဆွေးနွေးနေတဲ့ အာဖရိက နိုင်ငံတွေထဲမှာ ပါဝင်တယ်လို့လည်း ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လေကြောင်း ကာကွယ်ရေး စက်သေနတ် တစ်လက်ကို ကိုင်တွယ်ပစ်ခတ်သူက မနိုင်မနင်းဖြစ်ပြီး ကျည်ဆန်တွေ မွှေ့ပြီး ပစ်သလို ဖြစ်သွားတဲ့ မှတ်တမ်း ဗီဒီယို တစ်ခုကို ယူကရိန်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေကို ယူကရိန်းကိုယ်တိုင် ထုတ်လုပ်ဖို့ ခွင့်ပြုပေးသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒုတိယ အကြီးဆုံးမြို့မှာ ရှိနေတဲ့ အဓိက ရေနံတင်ပို့တဲ့ ဆိပ်ကမ်း တစ်ခုကို ယူကရိန်းက တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

အခု သီတင်းပတ်ထဲမှာ ကိယက်ဗ်မြို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာဟာ အခုနှစ်အတွင်း ယူကရိန်းရဲ့ မြို့တော်မှာ အသေအပျောက် အများဆုံး ဖြစ်ပေါ်စေတဲ့ ရုရှားတိုက်ခိုက်မှု အနေနဲ့ မှတ်တမ်းဝင်လာစေခဲ့ပါတယ်။