Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်တွင် စစ်တပ်လမ်းပိတ်ထား၍ စစ်ဘေးရှောင်ကျေးရွာသုံးရွာ စားနပ်ရိက္ခာအခက်ကြုံနေ

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ဇူလိုင် ၂၉ ရက်မှစတင်ကာ ရွှေဘိုမြို့နယ်ရှိ တင့်တယ်ရွာ၊ ကျောက်မြင့်ရွာနှင့် နံသာရွာတို့ရှိ ဒေသခံပြည်သူ ၄၀၀ကျော်မှာ နီးစပ်ရာကျေးရွာများသို့ ခိုလှုံနေရသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - တောင်သူဦးကြီးများအဖွဲ့)
(ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - တောင်သူဦးကြီးများအဖွဲ့)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်က လမ်းပိတ်ထား၍ စစ်ဘေးရှောင်ကျေးရွာ သုံးရွာ စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေကြောင်း ဒေသတွင်းစစ်ရှောင်ကူညီနေသူများက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ၍ ဇူလိုင် ၂၉ ရက်မှစတင်ကာ ရွှေဘိုမြို့နယ်ရှိ တင့်တယ်ရွာ၊ ကျောက်မြင့်ရွာနှင့် နံသာရွာတို့ရှိ ဒေသခံပြည်သူ ၄၀၀ကျော်မှာ နီးစပ်ရာကျေးရွာများသို့ ခိုလှုံနေရသည်။

အဆိုပါကျေးရွာများမှ ရွှေဘိုမြို့ပေါ်သို့သွားရောက်သည့်လမ်းပိုင်းအား ပိတ်ထား၍ အခက်အခဲများတွေ့နေရခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

“ရွှေဘိုလမ်းပိတ်တော့ မူးကမ်းဘက်မှာဘဲဝယ်နေရတော့ ရိက္ခာပိုင်းအခက်အခဲဖြစ်တာ။ရှိတာရှာဖွေကျွေးနေရတယ်။”ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာအချို့မှာ ဒီပဲယင်းမြို့နယ်ဘက်သို့ပါ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲကြုံရနိုင်ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။