Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမဖြတ်လမ်းတွင် အရက်မူးပြီး စခန်းအပြင်ထွက်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦး ပစ်ခတ်ခံရ၊ တစ်ဦးသေဆုံးဟုဆို

မင်းလှနယ်၊ ပဲခူးရိုးမအတွင်းရှိ ဘန့်ဘွေးကုန်းကျေးရွာတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦးသည် အောက်တိုဘာ ၂၀ ရက် ည ၁၀နာရီခန့်က အရက်မူးပြီး စခန်းအပြင်သို့ ထွက်လာစဥ် တပ်ခွဲ-၅ ၏ ရဲဘော်များမှ အနီးကပ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ ရဲဘော်အချို့အား ပဲခူးရိုးမဖြတ် လမ်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ မှ ရဲဘော်အချို့အား ပဲခူးရိုးမဖြတ် လမ်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အရက်မူးပြီး စခန်းအပြင်ထွက်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ မှ ယနေ့(အောက်တိုဘာ ၂၆)အသိပေးထုတ်ပြန်သည်။

မင်းလှနယ်၊ ပဲခူးရိုးမအတွင်းရှိ ဘန့်ဘွေးကုန်းကျေးရွာတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦးသည် အောက်တိုဘာ ၂၀ ရက် ည ၁၀နာရီခန့်က အရက်မူးပြီး စခန်းအပြင်သို့ ထွက်လာစဥ် တပ်ခွဲ-၅ ၏ ရဲဘော်များမှ အနီးကပ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ခုပစ်လိုက်တဲ့နှစ်ကောင်က မူးပြီးထွက်လာတာ။ ကျွန်တော်တို့ရဲဘော်တွေက ကိစ္စတခုနဲ့ အဲ့ဘက်လာရင်း သူတို့ထွက်လာတာတွေ့လို့ အနီးကပ်ပစ်လိုက်တာ။ တကောင်က ၃ ချက် တစ်ကောင်က ၂ချက်”ဟု သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ထိုပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သေဆုံးထိခိုက်မှုအား အတည်ပြုနိုင်ရန်စုံစမ်းခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး နေရာတွင် သေဆုံးပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ သေဆုံးရုပ်အလောင်းအား ညတွင်းချင်း ဖျောက်ဖျက်လိုက်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ဘန့်ဘွေးကုန်းကျေးရွာသည် မင်းလှမြို့နယ်အပိုင် မင်းလှ-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်းပေါ်တွင်တည်ရှိပြီး ယင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ အင်အား ၂၀ ကျော်ဖြင့် အထိုင်ချတပ်စွဲထားခြင်း ဖြစ်သည်။

အောက်တိုဘာ ၂၂ ရက်ကလည်း မင်းလှနယ်၊ ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၅ မှ ဧက ၂၀၀ ကျွန်းစိုက်ခင်းအနီး ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်တပ်ထံ အညံ့ခံသွားသူရဲ့သတင်းပေးမှုကြောင့် အိမ်ဆောက်ပစ္စည်း လုပ်ငန်းရှင် တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး နောက်ထပ်ပြည်သူ ၅ဦးထက်မနည်း ဖမ်းခံထားရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook