Connect with us

Hi, what are you looking for?

သတင်း

သိန္နီ နှင့် ကွမ်းလုံကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို AA သိမ်းပိုက်

စခန်းသိမ်းတိုက်ပွဲအတွင်းလက်နက်ခဲယမ်းရရှိမှုနှင့် စစ်ကောင်စီတပ်ထိခိုက်မှု အခြေအနေများကို စာရင်းပြုစုနေဆဲဖြစ်သည်ဟု ဆိုသည်။

(ကိုးကန့်စစ်ဒေသအတွင်း ၁၀၂၇စစ်ဆင်ရေးဆောင်ရွက်နေကြသော AAတပ်သားအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(ကိုးကန့်စစ်ဒေသအတွင်း ၁၀၂၇စစ်ဆင်ရေးဆောင်ရွက်နေကြသော AAတပ်သားအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)

ရှမ်းပြည်နယ် မြောက်ပိုင်းသိန္နီနှင့် ကွမ်းလုံကြားရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရက္ခိုင်တပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ၁၀၂၇ စစ်ဆင်ရေးတွင်ပါဝင်နေသည့် ကိုးကန့်တပ်မတော်(MNDAA)တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

အောက်တိုဘာ ၃၀ရက် ညပိုင်းတွင် သိန္နီနှင့် ကွမ်းလုံမြို့နယ်အကြားရှိ နာတီကျေးရွာအနီးမှ စခန်းကို သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။

“မနေ့ကည ၁၀နာရီ ဝန်းကျင်လောက်မှာ အဲဒီ နာတီရွာရဲ့ဘေးမှာရှိတဲ့ ပြည်သူ့စစ်တပ်စခန်းကိုကျနော်တို့ ညီနောင်မဟာမိတ် AAက ဝင်သိမ်းလိုက်ပြီဆိုတဲ့ သတင်းကျနော့်ဆီရောက်လာတယ်” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်းလက်နက်ခဲယမ်းရရှိမှုနှင့် စစ်ကောင်စီတပ်ထိခိုက်မှု အခြေအနေများကို စာရင်းပြုစုနေဆဲဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယခု ရက်ပိုင်းတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော်(AA)၏ တပ်ရင်း(၃၃)၊ တပ်ရင်း (၁၁၃) တို့ အပါအဝင် တပ်ရင်း ၁၀ရင်းခန့် MNDAA တပ်ဖွဲ့နှင့်ပူးပေါင်းပြီး စစ်ဆင်ရေး၌ ပါဝင်တိုက်ခိုက်နေကြောင်း MNDAAက အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

Facebook