Connect with us

Hi, what are you looking for?

သတင်း

ဒေသအသီးသီးရှိ စစ်ကောင်စီစခန်းများကို တပြိုင်တည်းဝင်တိုက်ကြရန် ညီနောင်သုံးဖွဲ့ တိုက်တွန်း

ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရန်သူ့အလောင်းအချို့တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့အတူ အဆိုပါ စခန်းကို ဦးဆောင်နေသော စစ်ကောင်စီ၏ခမရ (၃၈၇) တပ်ရင်းမှူးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း အသိပေးသည်။

(စစ်ကောင်စီ၏ ကန်တောင်ယန် (ဂန်ဒေါင်ယန်)စခန်းသိမ်းပိုက်ပြီးနောက်သိမ်းဆည်းရရှိသော လက်နက်အချို့အား ရဲဘော်တစ်ဦးက ပြသနေစဥ်။ ဓာတ်ပုံ - Operation 1027 - 3BHA)
(စစ်ကောင်စီ၏ ကန်တောင်ယန် (ဂန်ဒေါင်ယန်)စခန်းသိမ်းပိုက်ပြီးနောက်သိမ်းဆည်းရရှိသော လက်နက်အချို့အား ရဲဘော်တစ်ဦးက ပြသနေစဥ်။ ဓာတ်ပုံ - Operation 1027 - 3BHA)

ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် Operation 1027 (၁၀၂၇စစ်ဆင်ရေး)ကို အောက်တိုဘာ ၂၇ရက်မှစတင်ခဲ့ပြီး ယနေ့တွင် စစ်ဆင်ရေး ငါးရက်မြောက်နေ့ရောက်ရှိလာကာ သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်လိုက်ပြီး အခြားသောတော်လှန်ရေးလက်နက်ကိုင်တပ်များလည်း စစ်ကောင်စီကို တစ်ပြိုင်တည်း တိုက်ခိုက်ရန် တိုက်တွန်းလိုက်သည်။

ပထမ ငါးရက်တာ စစ်ဆင်ရေးကာလအတွင်း ချင်းရွှေဟော်နှင့် ဖောင်းဆိုင်မြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အဆိုပါမြို့များကို လုံးဝထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားဆဲဖြစ်ကြောင်း အသိပေးသည်။

စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များအနေဖြင့်လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကိုတွေ့ရှိနေရသည်မှာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး အတွက် အကြိုနိမိတ်ပင်ဖြစ်သည်သည်ဟု ဆိုသည်။

အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ဤကဲ့သို့သော ရတောင့်ရခဲ၊ ကြုံတောင့် ကြုံခဲအခွင့်အရေးကို အမိအရဖမ်းဆုပ်ကိုင်ပြီး ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများ၊ စစ်ဖက်နှင့် သက်ဆိုင်သောစခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် မိမိတို့ ညီနောင်မဟာမိတ် သုံးဖွဲ့မှ လေးလေးနက်နက် တိုက်တွန်းလိုက်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယနေ့မနက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် ရက္ခိုင့်တပ်တော်(AA)ပူးပေါင်းစစ်ကြောင်းတို့သည် ကချင်ပြည်နယ် လိုင်ဇာမှ (၂၅)ကီလိုမီတာခန့် ကွာဝေးသော မြစ်ကြီးနား-ဗန်းမော်ကားလမ်းမအနီးရှိ စစ်ကောင်စီ၏ ကန်တောင်ယန် (ဂန်ဒေါင်ယန်)စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

၂နာရီခွဲခန့်ကြာမြင့်သော အဆိုပါစစ်ဆင်ရေးအပြီး စခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် ရန်သူ့အလောင်းအချို့တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့အတူ အဆိုပါ စခန်းကို ဦးဆောင်နေသော စစ်ကောင်စီ၏ခမရ (၃၈၇) တပ်ရင်းမှူးလည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း အသိပေးသည်။

ဂန်ဒေါင်ယန်စခန်း နောက်ဆက်တွဲအနေဖြင့် စစ်ကောင်စီသည် ယနေ့ နေ့လယ်ပိုင်းမှစ၍ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး အာလော့န်ဘွမ်(Alen Bum) တောင်ကုန်းဘက်သို့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်နေသည်ဟုလည်း အသိပေးသည်။

KIA/AA ပူးပေါင်းတပ်ဖွဲ့သည် နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ခလရ (၃၂၄)အား အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့ပြီးဖြစ်သည်ဟုလည်း အသိပေးသည်။

ထို့အပြင်အောက်တိုဘာ ၃၀ရက်က နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ မန်ခမ်းစုပေါင်းစစ်ဆေးရေး ဂိတ်စခန်းအား တအာင်းတပ်မတော် (TNLA)နှင့် ပူးပေါင်းအဖွဲ့တို့မှ ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ဒုရင်းမှူးအပါဝင် (၈)ဦးတို့ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

နောက်ဆက်တွဲသတင်းများအား ဆက်လက်တင်ပေးသွားမည်ဟုလည်း အသိပေးထားသည်။

ထို့အပြင် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်း အား ဆက်လက်ချေမှုန်းတိုက်ခိုက်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

ယနေ့နံနက်တွင် TNLA အနေဖြင့် လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီ၏ မိုင်းပါးတပ်စခန်းကို အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့အားလုံးထွက်ပြေးသွား ကြောင်း TNLAက အသိပေးထားသည်။

စစ်ကောင်စီသည် မြေပြင်စစ်ကူမရရှိသည့်အချိန်များတွင် လေကြောင်းကို အားကိုး၍ စစ်လက်နက် ပစ္စည်းများကို လေကြောင်းဖြင့် ဝေဟင်မှချပေးခြင်း အပါအဝင် ဂျက်လေယာဉ်၊ Mi-35 တိုက်လေယာဉ်ဖြင့် လေကြောင်းစစ်ကူခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာဒေသများမှ အရပ်သားပြည်သူများအား လေကြောင်း ဖြင့်ဦးတည်ပစ်ခတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

ရန်သူ့အလောင်း အမြောက်အမြားနှင့်အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိသကဲ့သို့ စစ်သုံ့ပန်းအချို့ကိုလည်း စစ်သုံ့ပန်းဥပဒေနှင့်အညီကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။