Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်နဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ရုပ်သိမ်းကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ် ထုတ်ပြန်

အမေရိကန်ဟာ ဒေသတွင်းဟာ ဂျီဟတ်ဒ် အစွန်းရောက်ဝါဒ တိုက်ဖျက်မှု စစ်ဆင်ရေးတွေအတွက် နိုက်ဂျားက စစ်စခန်းတွေကို အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ရုပ်သိမ်းကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ် ထုတ်ပြန်
အမေရိကန်နဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ ရုပ်သိမ်းကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ် ထုတ်ပြန်

အမေရိကန်နဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီမှု အားလုံးကို ရုပ်သိမ်းကြောင်း နိုက်ဂျား အာဏာသိမ်း စစ်ခေါင်းဆောင်က ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန်ရဲ့ ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ နိုက်ဂျားမြို့တော် နိုင်ယာမေကို ရောက်ရှိခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ အကျေအလည် ဆွေးနွေးခဲ့ပြီးတဲ့နောက် အခုကြေညာချက် ထွက်ပေါ်လာတာပါ။

မူလက နိုက်ဂျားဟာ ပြည်တွင်းမှာ အမေရိကန်တပ်တွေ ဖြန့်ကျက်ထားဖို့ သဘောတူ ခွင့်ပြုထားပေမယ့် အခုတော့ အဲဒီကိစ္စကို ဆက်ပြီး လက်ခံတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်ဟာ ဒေသတွင်းဟာ ဂျီဟတ်ဒ် အစွန်းရောက်ဝါဒ တိုက်ဖျက်မှု စစ်ဆင်ရေးတွေအတွက် နိုက်ဂျားက စစ်စခန်းတွေကို အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မနှစ်က ဇူလိုင်လ ကတည်းက နိုက်ဂျားမှာ အာဏာသိမ်းထားခဲ့တဲ့ စစ်တပ်ဟာ ဒီဇင်ဘာလမှာ ပြင်သစ် တပ်တွေကိုလည်း နှင်ထုတ်ခဲ့ပြီးပါပြီ။ တစ်ချိန်တည်းမှာပဲ နိုက်ဂျား အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ ရုရှားအစိုးရကြား ထိတွေ့မှုတွေကလည်း ပိုမို ရင်းနှီး နွေးထွေးလာနေပါတယ်။

အမေရိကန်တပ်တွေ နိုက်ဂျားမှာ ရှိနေတဲ့ အခြေအနေကို တရားမဝင်ဘူးလို့ သတ်မှတ်လိုက်ကြောင်း၊ ဒီကိစ္စဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ရှုထောင့်ပေါင်းစုံကနေ ချိုးဖောက်ရာ ရောက်နေကြောင်း၊ ဖွဲ့စည်းပုံ အခြေခံအရ ပြည်ပတပ်တွေ နိုင်ငံပိုင်နက်ထဲ စုဝေးပြီး တပ်ဖြန့်ထားတာမျိုးကို လက်သင့်ခံပေးလို့ မရကြောင်း စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး အမာဒူ အက်ဘ်ဒရာမာနေးက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနဖက်ကတော့ နိုက်ဂျား စစ်အာဏာရှင်တွေနဲ့ ထိရောက်ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး အခုလို ကြေညာချက်မျိုး ထွက်ပေါ်လာတာကို သိရှိထားတယ်လို့ မယုတ်မလွန် ထုတ်ပြန်ထားပါတယ်။ အမေရိကန် စစ်ဘက် သတင်းရင်းမြစ် တချို့ကတော့ မကြာခင် သီတင်းပတ်တွေအတွင်း နိုက်ဂျားက တပ်တွေ ပြန်ရုပ်သိမ်းဖို့ စီစဉ်နေကြောင်း ပြောပါတယ်။

နိုက်ဂျားစစ်တပ်ဟာ ရွေးကောက်ခံ သမ္မတ မိုဟာမက် ဘာဇိုအွမ်ကို လုံခြုံရေး မူဝါဒနဲ့ အစီအမံတွေ ညံ့ဖျင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြုတ်ချပြီး အာဏာသိမ်းယူထားခဲ့တာ ဖြစ်ပါတယ်။ မူလက စစ်ခေါင်းဆောင်တွေဟာ ပြင်သစ်နဲ့ ပတ်သက်ရင် တင်းတင်းမာမာ ရှိခဲ့ပြီး အမေရိကန်ကိုတော့ ပျော့ပျောင်းတဲ့ အခြေအနေနဲ့ ချဉ်းကပ်လိုဟန် ပြသခဲ့ပေမယ့် အခုတော့ အခြေအနေတွေ သိသိသာသာ ပြောင်းလဲလာတာလည်း ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။